Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဖလားမရပါက မန်စီးတီးတွင် အချိန်ကြာမြင့်စွာ ရှိမည်မဟုတ်ဟု ဂွါဒီယိုလာပြောကြား

Image



 မန်စီးတီးအသင်းကို ကိုင်တွယ်သည့် ပထမဆုံးရာသီတွင် ဖလားတစ်လုံးမျှ မရယူနိုင်ပါက ကျရှုံးမှုတစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်ကာ ၎င်းအနေဖြင့် အသင်း တွင် အချိန်ကြာကြာဆက်ရှိမည်မဟုတ်ဟု မန်စီးတီးနည်းပြ ဂွါဒီ ယိုလာက ပြောကြားသည်။

ဂွါဒီယိုလာသည် ဘာစီလို နာနှင့် ဘိုင်ယန်အသင်းတို့နှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့ပြီး နောက် ပြီးခဲ့သည့်နွေရာသီက မန်စီးတီးသို့ ရောက်လာခဲ့ရာ ၎င်း တို့အသင်းသည် ပရီးမီးယားလိဂ် တွင် လက်ကျန် ၁၁ ပွဲကစားရန် ကျန်သော အခြေအနေ၌ ထိပ် ဆုံးရှိ ချယ်လ်ဆီးထက် ၁၀ မှတ် လျော့နည်းနေသည်။

သို့သော် မန်စီးတီးသည် အက်ဖ်အေဖလားနှင့် ချန်ပီယံ လိဂ်ဖလားတို့တွင် ဆက်လက် ယှဉ်ပြိုင်ခွင့်ရဆဲဖြစ်သည်။

‘‘ကျွန်တော် ဖလားမရရင် ဒီမှာ အချိန်အကြာကြီး ရှိနေမှာ မဟုတ်ပါဘူး။ နည်းပြဖြစ်ရတာ ရလဒ်တွေအပေါ်မှာ မူတည်ပါ တယ်’’ဟု ဂွါဒီယိုလာက ပြော သည်။

မန်စီးတီးသည် အက်ဖ်အေ ဖလားကွာတားဖိုင်နယ်တွင် မစ် ဒယ်ဘရော့နှင့် ယှဉ်ပြိုင်ပြီးနောက် ချန်ပီယံလိဂ်နောက်ဆုံး ၁၆ သင်း အဆင့် ဒုတိယအကျော့အတွက် မိုနာကိုအသင်းသို့ သွားရောက် ရင်ဆိုင်ရမည်ဖြစ်သည်။

ယင်းနောက် သီတင်းပတ် ကုန်တွင် ထိပ်တန်းလေးနေရာ ပြိုင်ဘက် လီဗာပူးနှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။

 ယခုသီတင်းပတ်ပွဲစဉ်များ သည် အလွန်အရေးကြီးပြီး သုံးပွဲသည် လာမည့်နှစ်လတွင် ဖြစ်ပျက်မည့် အခြေအနေအတွက် အဆုံးအဖြတ်ဖြစ်မည်ဟု ဂွါဒီယိုလာက ဆိုသည်။

ထိုအတောအတွင်း အသင်း ခေါင်းဆောင် ကွန်ပနီ လေ့ကျင့် ခန်းပြန်ဆင်းနေပြီဟု ဂွါဒီယိုလာ ကပြောပြီး မန်စီးတီးတွင် မိမိအနာဂတ်အခြေအနေသည် ဖလားများရရှိမှုအပေါ် မူတည်သည်ဟု ပြောသည်။

ဖိုးသူတော် (www.phothutaw.com)

Credit:7Day Daily

Latest Comments

Leave a Comment

Related News