Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ပြည်တွင်းခရီးသွားတွေ အွန်လိုင်းကဘိုကင်လုပ်တာ ရာခိုင်နှုန်း ၇၀ အထိရှိလာ

Image



အွန်လိုင်းကနေတစ်ဆင့် ဟိုတယ်ဘိုကင်ပြုလုပ်တဲ့သူတွေထဲက ရာခိုင်နှုန်း ၇၀ ကပြည်တွင်းခရီးသွားများဖြစ်ပြီး တော့ စျေးသက်သာတဲ့ ဟိုတယ်တွေကိုသာရွေးချယ်ဘိုကင်ပြုလုပ်ကြတာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် ဟိုတယ်ဘွတ်ကင် ၀န်ဆောင်မှု၀က်ဘ်ဆိုဒ် jovago က ထုတ်ပြန်ထားပါတယ်။

၀က်ဘ်ဆိုဒ်ကနေတစ်ဆင့် အွန်လိုင်းဘွတ်ကင်ပြုလုပ်သူများအနေနဲ့ ပုဂံ၊မန္တလေးနဲ့ ဘားအံတို့မှာ ပြည်တွင်းခရီးသွားတွေအကြားမှာ လူကြိုက်များပြီး အွန်လိုင်းဘွတ်ကင်ပြုလုပ်မှုအများဆုံးဖြစ်နေပြီးတော့ အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အတွင်းက ၀က်ဘ်ဆိုဒ်အသုံးပြုမှု အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဆီမှာ ခရီးသွားအများစုက အခြားသော facility တွေထက် စျေးသက်သာတဲ့ဟိုတယ်တွေကိုပဲ ဘွတ်ကင်တင်တာ များပါတယ်" လို့ Jovago Myanmar ရဲ့မန်းနေးဂျင်းဒါရိုက်တာ Mr.Frans Maas က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လည်ပတ်ဖို့ အကောင်းဆုံးဒေသတွေအဖြစ် ပုဂံ၊အင်းလေး၊ကလော၊တောင်ကြီး၊ သီပေါ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင်၊ထား၀ယ်၊ ငပလီ၊ ဘားအံ၊ကော့သောင်းနဲ့ မြိတ်ကျွန်းစုတို့က ခရီးသွားတွေကို ဆွဲဆောင်ရာဒေသတွေအဖြစ် ရပ်တည်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Latest Comments

Leave a Comment

Related News