Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ပြည့်တန်ဆာ လုံးဝမရှိ၊ သူတောင်းစားလဲ မရှိတဲ့ ကမ္ဘာ့ စိတ်အချမ်းသာဆုံးနိုင်ငံ

Image



မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ အခြေခံ ဥပဒေ ရေးဆွဲထားတဲ့နိုင်ငံ။ တောင်ပေါ်နိုင်ငံငယ်လေးတစ်ခု၊ လူဦးရေ ၆ သိန်းကျော်သာရှိပြီး ဆေးလိပ် သောက်တဲ့သူ ၁%ပဲရှိပါတယ်..

Giordano ဂျင်းဘောင်းဘီ ဘာဖက်ရှင် ညာဖက်ရှင် လဲ တွေ့ရမှာ မဟုတ်သလို ရိုးရာအမျိုးသား အမျိုးသမီး ဝတ်စုံကလွဲရင် ဘာမှမဝတ်ကြလို့ပါ။..

၁၉၉၉ ခုနှစ်ရောက်မှ တယ်လီဗေးရှင်း ကြည့်ရတဲ့ နိုင်ငံတစ်ခုပါ။

စစ်သည်တော် ၁၆၀၀၀ ပဲရှိပါတယ်။

ဆင်းရဲတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး မြို့တော်ဟာ ပဲခူးလောက်တောင် မစည်ပါဘူး။ အထပ်မြင့် အဆောက်အအုံတွေ မရှိပေမယ့် စုတ်ပြတ်နေတဲ့ တဲအိမ်တွေလဲမရှိပါဘူး။ ပြည့်တန်ဆာ လုံးဝမရှိသလို သူတောင်းစားလဲ မရှိပါဘူး။ အမျိုးသား ၃၀% လောက်ဟာ ဘုန်းကြီး တွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲရှိခဲ့ပါတယ်။

အဲ့ဒီ အမှုကလည်း ဘုန်းကြီး ကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိလို့ပါ။

ဆင်းရဲပေမယ့် လူဦးရေရဲ့ ၉၇%ဟာ စာတတ်ကြပါတယ်။နိုင်ငံခြားကိုထွက်ပြီး ပညာတော်သင်သူတွေရဲ့ ၉၉%ဟာ နေရပ်ကို ပြန်လာကြပါတယ်။ နိုင်ငံသားတွေဟာ ပျော်ရွှင်မှု ရှိကြပြီး ချမ်းသာခြင်းကို ရုပ်ဝတ္တုတွေနဲ့ မတိုင်းတာပဲ စိတ်ချမ်းသာမှုနဲ့သာ တိုင်းတာကြပါတယ်။ စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရား တစ်ပါးသာ ရှိပါတယ်။

ပုံပြင် ဆန်ဆန် အချစ်ဇတ်လမ်းလေးလည်း ရှိပါတယ်။

အဲဒါကတော့..တစ်နေ့ ၁၇ နှစ်အရွယ် အိမ် ရှေ့မင်းသားဟာ တိုင်းခန်း လှည့်လည်တဲ့အခါမှာ ၇နှစ်သမီးအရွယ် မိန်းကလေး တစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်။

အဲဒီအခါ မင်းသားက- မင်းလဲ အရွယ်ရောက် အိမ်ထောင် မရှိတဲ့အခါ ငါလဲ အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်လို့ ကတိပေးခဲ့ပါတယ်။ နောင်တစ်ချိန် မင်းသားက ၃၁ နှစ် မိဖုရားက ၂၁ နှစ်အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။

မင်းသားက ၁၉ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး အောက်စဖို့တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။

အဲဒီနိုင်ငံက ဗုဒ္ဓဘုရားရှင် ဟောကြားတဲ့ တရားတော်တွေထဲမှာ ပါလေ့ရှိတဲ့ တောင်တန်းကြီးပေါ်မှာ ရှိပါတယ်။

.တောင်ပေါ်နိုင်ငံလေးရဲ့ နာမည်ကတော့…..

ဘူတန်ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Original Uploader

Tags:
  • ,

Latest Comments

Leave a Comment