Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ပျော့ညံ့တဲ့သူ မဖြစ်စေနဲ့

Image



လူတစ်ယောက်ကို သင် တကယ်ချစ်မိနေလား

ချစ်ပါ ဒါပေမယ့်;အချစ်အတွက်နဲ့တော့

ဘဝအပျက်မခံပါနဲ့။

ဘဝမှာ ဖြစ်ချင်တာတွေ မဖြစ်လို့ စိတ်ညစ်နေလား

စိတ်ညစ်ပါ ဒါပေမယ့်;စိတ်ညစ်စရာတွေကို ဖွဲ့နွဲ့သီကုံး ပြီး

ကြိုးစားဖို့ အတွက်တော့ မေ့လျော့မနေပါနဲ့။

လူ့ပတ်ဝန်းကျင်မှာ သင် အနှိမ်ခံနေရလို့ စိတ်ဓာတ်ကျနေလား

စိတ်ဓာတ်ကျပါ ဒါပေမယ့်;စိတ်ဓာတ်ကျတာက အဖြေမဟုတ်သလို

လူတောမတိုးရဲတော့ဘဲ သိမ်ငယ်နေမယ့်အစား

ခေါင်းမော့ ရင်ကော့နိူင်အောင် အားတင်းပါ။

ဝမ်းနည်းစရာတွေ များလွန်းလို့ ငိုနေမိပြီလား

ငိုလိုက်ပါ ဒါပေမယ့် ငိုပြီးရင်တော့ ရယ်နိူင်အောင် ကြိုးစားပါ

အောင်မြင်မူှတွေ ရလို့ ပျော်နေလား

ပျော်ပါ ဒါပေမယ့်;ပျော်ရွှင်မူှကို ရေရှည်ထိမ်းနိူင်အောင် ကြိုးစားမူှကို

အရှိန်မသပ်လိုက်ပါနဲ့။

ကိုယ်ချစ်ရသူနဲ့ ခဏတာခွဲခွာရလို့ လွမ်းနေပီလား

လွမ်းပါ ဒါပေမယ့်;ကိုယ်ချစ်ရသူနဲ့ တစ်ဘဝစာနီးစပ်ဖို့ ခဏတာ

လွမ်းဆွေးမူှကြောင့် ရည်မှန်းချက်တွေ မဝေဝါးစေပါနဲ့။

သူငယ်ချင်း…..လူ့ဘဝဆိုတာ ပြုံးတစ်လှည့် ၊ ငိုတစ်ခါ ၊ ဆွေးတစ်လှည့်

ပျော်တစ်ခိုက်မှာ ဘာတွေကြုံတွေ့နေပါစေ ကြံ့ခိုင်ဖို့တော့လိုမယ်

ထင်တယ်နော်။

ဖိုးသူတော် (www.phothutaw.com)

Credit: ဇင်းနစ်​ မကွေး

Latest Comments

Leave a Comment

Related News