Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ပဲခူးမြို့တွင် တစ်ဦးတည်းနေ အသက် ၇၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာ ခုနစ်ချက်ဖြင့် အသတ်ခံရမှု ဖြစ်ပွား

Image



ဓါတ်ပုံ -  ဇော်ရှင်း

ပဲခူး၊ မေလ ၉

ပဲခူးမြို့၊ မြို့မရဲစခန်းအပိုင်၊ မြို့သစ်ရပ်ကွက်၊ မြို့သစ်(က)တွင် တစ်ဦးတည်းနေထိုင်သည့် အသက်(၇၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး မေလ ၉ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကိုနိုင်လင်းစိုး (၃၇)နှစ် (ဘ)ဦးကျော်၀င်း၊ ဗိုလ်အောင်လမ်း၊ မြို့သစ်(က)၊ မြို့သစ်ရပ်ကွက်၊ ပဲခူးမြို့နေသူမှ မေလ ၉ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ စစ်မှုထမ်းဟောင်းရုံးတွင်ရှိနေစဉ် အစ်ကိုဖြစ်သူ ကိုကျော်စိုးလင်း (၄၂)နှစ်မှ ဖုန်းဖြင့် မြို့သစ်(က)၊ နယ်မြေ(၂)၊ မ-၂/၂၄ တွင် တစ်ဦးတည်းနေထိုင်သူ ဒေါ်အေးကြည် (၇၂)နှစ် (ဘ)ဦးမဲ (မိခင်၏အစ်မဖြစ်သူ)မှာ ၎င်းအိမ်ရှေ့ခန်းကြမ်းပြင်၌ သွေးအိုင်ထဲတွင်လဲနေပြီး ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အကြောင်းကြားသိရသဖြင့် ဒေါ်အေးကြည်၏နေအိမ်သို့ သွားရောက်ကြည့်ရှုရာ ဒေါ်အေးကြည်မှာ နေအိမ်အောက်ထပ် အိမ်ရှေ့ခန်းကြမ်းပြင်တွင် သွေးအိုင်ထဲ၌ ပက်လက်လဲကျနေပြီး ပါးစပ်တွင် (၂)လက်မခန့် အနက်ရောင် အနှောင့်တိတ်ဖြင့် ပိတ်ထားကာ ယာဘက်လက်တွင် အရိုးအသွား (၈)လက်မခန့်ရှိ ကြက်သွန်လှီးဓား(ဓားရိုးအစိမ်းရောင်)အား ကိုင်ဆောင်ဆုပ်ထားလျက် ယာဘက်ရင်ညွန့် အလျား(၁)လက်မ၊ ဗျက် (၁)စင်တီမီတာခန့်ရှိ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်လက်မောင်း (၂)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် (၁)စင်တီမီတာခန့်ရှိ ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာနံစောင်း ထိုးသွင်းဒဏ်ရာ(၄)ချက်တို့နှင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကြီးမေဖြစ်သူ ဒေါ်အေးကြည်ကို သတ်သွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ကိုနိုင်လင်းစိုးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပဲခူးမြို့မရဲစခန်း (ပ)၁၀၄၇ /၂၀၁၈ ရာဇသတ်ကြီးပုဒ်မ၊ ၃၀၂ အရ အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူအား အမြန် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Thant Zin







Latest Comments

Leave a Comment

Related News