Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ပေါင်ခြံမည်းသူများ ဖြူးဖွေးသွားချင်ရင်.. နှိပ်ကြည့်လိုက်

Image



လူအများစုဟာ မိမိတို့ရဲ့ ပေါင်အတွင်းသား(ပေါင်ခြံ) အစိတ်အပို်င်းကို

လျစ်လျူရှုလေ့ရှိကြပြီး ဂရုစိုက်ရကောင်းမှန်း မသိကြပါဘူး။

သတိထားမိသောအချိန်ကျမှ မည်းနေမှန်း သိကြပါတော့တယ်။ စိတ်မပူပါနဲ့…

ဒီလိုပေါင်ခြံမည်းတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ငွေကုန်ကြေးကျ

မများစေတဲ့ အိမ်တွင်းနည်းလမ်းကောင်းများစွာ ရှိပါတယ်။

 ၁။သခွါးသီး

 သခွါးသီးမှာ

ပေါင်ခြံဖြူအောင်လုပ်ပေးနိုင်မယ့် သဘာဝအစွမ်းသတ္တိတွေ ရှိပါတယ်။

သခွါးသီးမှာပါဝင်တဲ့ ဓါတ်တွေဟာ အရေပြားဆဲလ်တွေကို ပြုပြင်ထိန်းသိမ်းပေးပြီး

ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ -သခွားသီးအခြမ်း (သို့) အရည်ကို

ပေါင်ခြံသို့ ဆယ်မိနစ်ခန့် ပွတ်ပေးပါ ။ ပြီးလျှင်

၅မိနစ်ခန့်ကြာအောင်ထားပြီး ရေဖြင့်ဆေးကြောပါ။ ဤနည်းအတိုင်း တစ်နေ့

တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါသည်။

၂။ရှားစောင်းလက်ပက်

 Antioxident

ကြွယ်ဝတဲ့ ရှားစောင်းလက်ပက်က အရေပြားအတွက် အကောင်းဆုံးဆိုတာ မမေ့နဲ့ဦးလေ။

-ရှားစောင်းလက်ပက်အတွင်းမှ ဂျယ်လ်ပုံစံ အနှစ်လေးတွေကို မည်းနေသော

ပေါင်ခြံအရေပြားပေါ်သို့ စိမ့်ဝင်အောင် သေချာလိမ်းပြီး မိနစ် ၂၀ခန့်

နှိပ်နယ်ပေးရမှာပါ ။ ပြီးနောက် ရေနွေးနွေးဖြင့် ဆေးကြောပါ။ တစ်နေ့ တစ်ကြိမ်

ပုံမှန်လုပ်ပေးရမှာ ဖြစ်ပါတယ် ။ ထိရောက်မှုမြန်ချင်သူများကတော့

နှစ်ကြိမ်ပြုလုပ်ပေးပါ။

၃။သံပုယိုသီး

အက်ဆစ်ဓါတ်ပါဝင်တဲ့

သံပုယိုသီးက မည်းညစ်တဲ့ အသားအရေအတွက် အကောင်းဆုံးပါပဲ ။ဗီတာမင်စီ ကြွယ်ဝစွာ

ပါဝင်ပြီး ဆဲလ်သစ်များကြီးထွားမှုကို အားပေးကာ အသားဖြူချင်သူများအတွက်

သင့်လျော်သော အသီးဖြစ်ပါတယ်။ -သံပုယိုအရည်ကို ပေါင်ခြံအတွင်းပိုင်းသို့

ဂွမ်းစဖြင့် သေချာနှံ့စပ်စွာ ပွတ်လိမ်းပေးပါ။ ပြီးနောက် မိနစ်

၂၀ခန့်ထားပြီး ရေအေးလေးဖြင့် ဆေးချပါ။ ထိုအတိုင်း တစ်ပါတ်ကို

နှစ်ကြိမ်၊သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။ ထိခိုက်လွယ်သော

အသားအရေပိုင်ရှင်များအနေဖြင့် သံပုယိုရည်ကိုရေအနည်းငယ်ရော၍ လိမ်းပေးပါ။

၄။ဒိန်ချဉ်

ဒိန်ချဉ်က

အသားအရေအတွက် ကောင်းကျိုးများစွာရှိပြီး ကျန်းမာရေးအတွက်လည်း စားသင့်တဲ့

အစားအစာတစ်မျိုးပါပဲ ။ မိန်းကလေးများအတွက် ပိုသင့်လျော်၍

်ပုံမှန်စားပေးခြင်းဖြင့် အသားအရေလှပြီး ကျန်းမာစေမှာပါ။

-အရောအနှောမပါဝင်သော ရိုးရိုးဒိန်ချဉ်ကို မည်းနေသောအရေပြားပေါ်၌

ပွတ်လိမ်းပေးပါ။ ၁၀မိနစ်၊ ၁၅ မိနစ်ခန့်ထားပြီးနောက် ကြက်သီးနွေးရေလေးဖြင့်

ဆေးကြောပါ။ တစ်နေ့တစ်ကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့် ကောင်းမွန်သော

ရလဒ်ကို တွေ့ရှိရမှာပါ။

၅။ အုန်းဆီ

အုန်းဆီဟာ အသားအရေကို

ဖြူစေပြီး အစိုဓါတ်ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ -အုန်းဆီ

စားပွဲတင်ဇွန်း ၃ဇွန်း နှင့် သံပုယိုအရည် တစ်ဇွန်းတို့ကို ရောနှောပြီး

ပေါင်ခြံပေါ်သို့ လိမ်းပြီး ၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ။ ၅

မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။

နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။ အခုဖော်ပြခဲ့သော နည်းလမ်းကောင်းလေးတွေကို

ဇွဲရှိရှိနဲ့ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဖြူဝင်းတဲ့ ပေါင်အတွင်းသားကို

ပြန်လည်ပိုင်ဆိုင်စေမှာပါနော်..

ဖိုးသူတော်(www.phothutaw.com)

Credit:Original Writer

Latest Comments

Leave a Comment

Related News