Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ပါကစ္စတန်က မွေးရပ်မြေကို ပြန်ရောက်ခဲ့တဲ့ မာလာလာ

Image



ကမ္ဘာ့အသက်ငယ်ဆုံး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာ

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာ ယူဆွဖ်ဆိုင်းဟာ ပါကစ္စတန်မှာ ရှိတဲ့ သူ့ရဲ့မွေးရပ်မြေကို တာလီဘန်တွေရဲ့ သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

သူမ မိသားစုရဲ့ နေအိမ်ဟာ တာလီဘန်တွေရဲ့ အမာခံနယ်မြေထဲမှာရှိနေတာဖြစ်ပြီး ကျောင်းကားပေါ်မှာ ပစ်ခတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီလို သူမရဲ့လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အနေအထားရှိတဲ့ နေရာကို မာလာလာအနေနဲ့ သွားသင့်ရဲ့လား ဆိုတာကတော့ သိပ်တော့မသေချာလှပါဘူး။

မာလာလာ အနေနဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ ပြန်လာခဲ့တာဖြစ်တယ်လို့ ကြာသာပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့တာပါ။

သူမက ပါကစ္စတန်ရဲ့မြို့တော် အစ္စလမ်မာဘတ်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးကနေတဆင့် စိတ်လှုပ်ရှား ဖွယ်ရာကောင်းတဲ့ မိန့်ခွန်းကို အမှာပါးခဲ့ပါတယ်။

' ' ပါကစ္စတန်ကိုသွားပြီး အဲ့ဒီမှာ ဘာကြောက်ရွံ့မှုမှ မရှိဘဲငြိမ်းငြိမ်းချမ်းချမ်းနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနိုင်ရမယ်၊ လူတွေနဲ့တွေ့ဆုံစကားပြောနိုင်ရမယ်ဆိုတာ ကျမရဲ့အိမ်မက်ပါပဲ။

စိတ်ကူးထဲကအတိုင်းပဲ အခု ကျမရဲ့အိမ်ကိုအမှန်တကယ်ပြန်ရောက်ခဲ့ပြီ။ အဲ့ဒီအတွက်လည်း အားလုံးကိုကျေးဇူးတင်ပါတယ်။'' လို့ သူမကပြောခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ မစ္စ ယူဆွဖ်ဆိုင်းဟာ ၂၀၁၂က ပါကစ္စတန်မှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့လို့ သေနတ်သမားရဲ့ ပစ်ခတ်တာကိုခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီ ဖြစ်ရပ်အပြီးမှာ မာလာလာဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရပြီး ဆေးကုသမှု ခံယူဖို့ ယူကေကို ပြောင်းရွှေ့နေထိုင်ခဲ့ကာ အဲဒီမှာပဲ ဆက်လက် ပညာသင်ယူနေတာပါ။

မာလာလာဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အသက်အငယ်ဆုံး ငြိမ်းချမ်းရေး တမန်တော်လည်း ဖြစ်ပါတယ်။

BBC Burmese

http://www.bbc.com/burmese







Latest Comments

Leave a Comment

Related News