Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ပလက်ဝတိုက်ပွဲကြောင့် အိန္ဒိယထဲ ဒုက္ခသည် ၁၄၀ဝ ကျော်ပြေးဝင်

Image



 အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အေအေ ရက္ခိုင့်တပ်မတော်ဟာ ငြိမ်းချမ်းရေးမှာ တန်းတူပါဝင်ခွင့် ငြင်းပယ်ခံရတဲ့ အဖွဲ့ဖြစ်

ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပိုင်း အိန္ဒိယ နယ်စပ်အနီးမှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင်တပ်မတော် (အေအေ) လက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ အတွက် အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်ထဲ ထွက်ပြေးခိုဝင်လာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၁၄၀ဝ ခန့်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးလာကြတဲ့သူ ၁၄၀ဝ ခန့်ဟာ အိန္ဒိယ နိုင်ငံ မီဇူရမ်ပြည်နယ် မောင်ဘုဆွာရွာမှာ ရောက်ရှိခိုလုံနေကြတာ ဖြစ်ပါတယ်။ အများစုရွာသားတွေဟာ ပလက်ဝမြို့နယ် အထက်ပိုင်း ကုလားတန်မြစ်ဖျားပိုင်းမှာ တည်ရှိတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။ ဒုက္ခသည်က ၁၄၀ဝ လောက်ရှိပြီး ပလက်ဝ မြို့နယ်ထဲက ပကာဝ ၊ ပင်လယ်ဝ ၊ ဘုံးမျှောဝ စံဝရွာကနေ ထွက်ပြေးလာသူတွေ အများစုဖြစ်ပြီး ရခိုင်တိုင်းရင်းသားအများစုဖြစ်တယ်လို့ အိန္ဒိယဘက်ခြမ်းမှာ ဒုက္ခသည်အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်နေသူ ခိုင်မင်းသိန်းက ပြောပါတယ်။

အခု မြန်မာဘက်က ရောက်ရှိလာခိုလုံလာတဲ့ ဒုက္ခသည်တွေရဲ့စာရင်းတွေကိုတော့ အိန္ဒိယ စစ်တပ်က ကောက်ယူနေပြီး ခိုလုံရန် ထွက်ပြေး ဝင်ရောက်လာတဲ့သူတွေကိုတော့ တစ်ရွာနဲ့ တစ်ရွာအကြား သွားလာမှုကိုတော့ ပိတ်ပင်ထားတယ်လို့ ပြောပါတယ်။ အခု ရောက်ရှိ လာကြတဲ့သူတွေအနေနဲ့ အစားအစာ အပူတပြင်းလိုအပ်နေပြီး ဆောင်းရာသီဖြစ်တဲ့ အတွက် စောင်နဲ့ အနွေးထည်တွေလည်း အဓိက လိုအပ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေက ဆက်လက် ဖြစ်နေတုန်း ဖြစ်တဲ့ အတွက် ခိုလုံဝင်ရောက်လာသူတွေ ပိုများလာနိုင်တယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေပြီး မြန်မာတပ်မတော်က အေအေ တပ်ဖွဲ့တွေ စခန်းချတဲ့ နေရာတွေ ယူဆရတဲ့ တောင်ကုန်းတွေကို ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတွေကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိသလို နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ရဟတ်ယဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်လို့ ခိုင်မင်းသိန်းက ပြောပါတယ်။

အဲဒီဒေသမှာကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးဖြစ်တဲ့ ခိုင်မင်းသိန်းက ပြောပြသွားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ထုတ်ဝေတဲ့ The India Express မှာတော့ ထွက်ပြေးလာတဲ့ ရခိုင်လူမျိုး ၁၂၀ဝ ခန့်ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။ အိန္ဒိယကို ထွက်ပြေးလာသူတွေ ရှိသလို ပြည်တွင်းမှာလည်း လုံခြုံရေး ကောင်းမွန်တဲ့ ပလက်ဝမြို့နယ် အတွင်းဘက်ကို ခိုလုံ လာတဲ့ ခမီ၊ ချင်း တိုင်းရင်းသားတွေလည်း ထောင်နဲ့ ချီပြီး ရှိနေတယ်လို့ သိရှိရပါတယ်။

BBC Burmese

http://www.bbc.com/burmese







Latest Comments

Leave a Comment

Related News