Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ပရိသတ်ရင်ထဲမှာ ကျန်ရစ်နေစေမယ့် သီချင်းလေးတွေကိုပဲ သီဆိုချင်တဲ့ အဆိုတော်အိုင်းရင်းဇင်မာမြင့်

Image



အဆိုတော်အိုင်းရင်းဇင်မာမြင့်က မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲကနေဂီတလောက ထဲကိုဝင် ရောက် လာခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

ဂီတလောကမှာလည်းအသံပါဝါအားကောင်းကောင်းနဲ့ အချစ်၊ အလွမ်းသီချင်းလေး တွေကိုသာ သီဆိုတတ်ပြီး၊ မိန်းကလေးပရိသတ်တွေအခိုင်အမာရရှိထား တဲ့အဆိုတော်တစ်ဦး လည်းဖြစ်ပါတယ်။

သူမအနေနဲ့ အနုပညာဖျော်ဖြေမှုတွေကိုဆက်တိုက်လုပ်ဆောင်နေတာကိုတွေ့မြင်ရပြီး၊ သူမဝါ သနာပါတဲ့သီချင်းလေးတွေကို ပရိသတ်တွေရင်ထဲကျန်ခဲ့နေအောင် သီဆိုသွားမှာ ဖြစ်ကြောင်း ကိုလည်းသူမက “ အိုင်းရင်းလုပ်တတ်တာကသီချင်းဆိုတဲ့အလုပ်ပါပဲ။ အဲဒီအတွက် အိုင်းရင်း သီဆို လိုက်တဲ့သီချင်းတွေဟာ အမြဲပရိသတ်တွေရဲ့ရင်ထဲကိုကျန်ခဲ့စေချင်တယ်။ အခုနောက်ပိုင်း ဆိုရင်လည်းသီချင်းတစ်ပုဒ်လုပ်မယ်ဆိုရင်တကယ်ကိုပရိသတ်တွေအတွက် ခံစားမှုကောင်းတဲ့ ရင်ထဲမှာစွဲနေမယ့်သီချင်းမျိုးတွေပဲဖန်တီးသီဆိုချင်တယ်” လို့ အိုင်းရင်းဇင်မာမြင့်ကဆိုပါတယ်။

Photo Credit- Irene Zinmar Myint

ဖိုးသူတော် (www.phothutaw.com)

Credit: myanmaplatform

#

Latest Comments

Leave a Comment

Related News