Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နှာခေါင်းထိပ်က အမည်းစက်တွေက ိုရိုးရှင်းလွယ်ကူစွာဖယ်ရှားနည်း

Image



မျက်နှာ အဆီပြန်တတ်သူတွေ နဲ့ ပေါင်းစပ်အသားအရေ (ခေါ်) နဖူးအလယ် နှာခေါင်း၊ မေးစေ့ တွေမှာ အဆီပြန်တတ်သူတွေဟာ အမည်းစက်တွေ ထွက်လေ့ရှိပါတယ်။

အမည်းစက်လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ ဝက် ခြံ ဖြစ် ပြီး ၄င်းကိုညှစ်လိုက်တဲ့အခါအထဲ က အဖြူရောင်အဆန်လေးတွေ ထွက်လာတာမျိုးပါ။အဲ့လိုအမည်းစက်တွေကိုတော့ နှာခေါင်းထိပ်တစ် ဝိုက်မှာ အများဆုံးတွေ့ရပြီး နှာ ခေါင်းဘေးကပ်လျက်ရှိသော ပါး ပေါ်မှာလဲတွေ့ရတတ်ပါတယ်။

အောက်နှုတ်ခမ်းနဲ့ နီးကပ်နေသော မေးစေ့ပေါ်မှာတော့ကြာစူးကဲ့သို့ အဖုချွန်းချွန်းလေးတွေ ခပ်ကျဲကျဲ ထွက်ပြီး၄င်းကိုကုတ်ခြစ်ကြည့်တဲ့ အခါမှာလဲ အဖြူရောင်အဆန် ထွက်ရှိလာပါတယ်။

ပျမ်းမျှအားဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာပို၍အဖြစ် များပြီး ဆယ်ကျော်သက်အရွယ်က စလို့ ခုလိုမျိုးထွက်လာကြတာပါ။

သာမန်ဝက်ခြံဖုတွေဟာ အချိန်တန် လို့ သူ့အလိုလို မှည့်သွားတဲ့အခါ အဖြူရောင်အဆန် သွေးစသွေးနနဲ့ သားနံရည်တွေထွက်လာပေမယ့်၊ အမည်းစက် တွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့် ၄င်း အမည်းစက်တွေကို အထဲကအဆန် ထွက်လာဖို့ညှစ်ပေးရမှာပါ။ တချို့ သူတွေက ညှစ်လိုက်ရင်ပွားတတ် တယ်ဆိုကာ မညှစ်ရဲဘဲထားကြ ပါတယ်။

တကယ်တမ်းမှာတော့ အမည်းစက်တွေကမပွားတတ်ပါ ဘူး။ သို့သော်အမြစ်ပြတ်တယ်လို့ မရှိဘဲ အဆန်တွေထွက်သွားပြီး နောက်ရက်အနည်းငယ်အတွင်းမှာ ပင်နေရာဟောင်းမှာသူ့အလိုလိုပြန် ပေါ်လာလေ့ရှိပါတယ်။ အလှကုန်စျေးကွက်ထဲမှာ နှာ ခေါင်းကပ် (ကပ်ခွာ)ပစ္စည်းလေး တွေ၊ အမည်းစက်အတွက်သီးခြား ဖန်တီးထားတဲ့ scrub (ခေါ်)ဂျီး (ကြေး)တွန်းသန့်စင်ပစ္စည်းလေးတွေ ရနိုင်သလို၊ အလှပြင်ဆိုင်တွေမှာ လဲ မျက်နှာပေါ်ကအမည်းစက်တွေကို ဆေးသုံးပြီး ဖယ်ရှားပေးနေ ပါတယ်။

အလှပြင်ဆိုင်ကို တကူး တက သွားနေစရာမလိုဘဲ အိမ်မှာတင်ပဲ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေသုံးပြီး ဘေးဥပါဒ်မဖြစ် စေဘဲအမည်းစက်တွေကိုဖယ်ရှား လို့ရပါတယ်။

သို့သော်သန့်ရှင်းမှု နဲ့အတူ ဇွဲရှိဖို့တော့ လိုပါတယ်။ ဦးစွာညအိပ်ရာဝင်ခါနီး မျက် နှာသစ်ပြီးနောက် အမည်းစက် တွေကို လက်သန့်သန့်ဖြင့်ညှစ် ထုတ်ပါ။(ဝက်ခြံညှစ်ကိရိယာကို သုံးနိုင်သော်လည်း နောင်တစ် ကြိမ်ပြန်သုံးဖို့အတွက် ထိုကိရိယာ ကို သန့်ရှင်းစင်ကြယ်နေပါစေ။)

ပြီးရင် Foaming Cleanser ပါတဲ့ Oil Free (ခေါ်)အဆီပြန်သူတွေ အတွက် သီးသန့်ထုတ်လုပ်ထား သော မျက်နှာသစ်ဆပ်ပြာဖြင့်စင် ကြယ်အောင်ထပ်မံ၍ မျက်နှာ သစ်ပြီးနောက် မိမိအဆင်ပြေရာ အောက်ပါနည်း တစ်ခုခုကိုသုံးပါ။

(၁) ခရမ်းချဉ်သီးကို အလယ် က ထက်ခြမ်းခြမ်း၊ အစေ့ထုတ်၍ ထိုခရမ်းချဉ်သီးအသားနှင့်နှာခေါင်း ထိပ်ကိုပွတ်ပေးပါ။ မိနစ် ၂ဝ ခန့် အကြာမှာ ရေအေးဖြင့်မျက်နှာသစ် ပေးပါ။ (ရေခဲရည်မဟုတ်ပါ။)

(၂) နှာခေါင်းထိပ်ပိုင်း၊ မေးစိ နှင့်နှာတံဘေးမှပါးနှစ်ဖက်ပေါ်သို့ ရှားစောင်းလက်ပပ်ဂျယ်လီ (အနှစ် သား)ဖြင့်လိမ်းပွတ်ပေးပါ။ ၁၅ မိနစ်ခန့်အကြာ မျက်နှာကို ရေအေး ဖြင့် သန့်စင်ပေးပါ။ (ရေခဲရည် မဟုတ်ပါ။)

(၃) နှင်းဆီရည်ဖြင့် မျက်နှာ သစ်ပေးနိုင်ပါတယ်။ Rose Water (ခေါ်)နှင်းဆီရည်ကို အလှကုန် ပစ္စည်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင် ပါတယ်။

(၄) ဆားရည်မပျစ်မကျဲဖျော် ၍ အမည်းစက်များတွေပေါ်ကို သာလိမ်းပွတ်ပေးပါ။ ၁၅မိနစ်ခန့် အကြာမျက်နှာကို ရေအေးဖြင့်သန့် စင်ပေးပါ။ ဒီနည်းကအရေပြားပေါ် က ဆဲလ်အသေတွေကို ထိရောက် စွာဖယ်ရှားပေးနိုင်ပါတယ်။(ရေခဲ ရည်မသုံးရ)

(၅) ပဝါသန့်သန့်ကို ရေနွေး ဖြူစိမ်ကာအရည်ညှစ်၍ထိုအမည်း စက်တွေပေါ် ခေတ္တအုပ်ထားပေး ပါ။ ဒီနည်းကချွေးပေါက်ပွင့်ကျယ် လာပြီးတော့ အမည်းစက်တွေကို အလွယ်တကူညှစ်ထုတ်လို့ရပါ တယ်။ (အရမ်းပူသောရေနွေးကို မဆိုလိုပါ။)

(၆) သံပရာရည်နဲ့ သစ်ကြံပိုး ခေါက်မှုန့်တို့ကို ဆတူရောပြီးည အိပ်ရာဝင်ခါနီး အမည်းစက်တွေ ပေါ်လိမ်းပါ။ တစ်ညလုံးလိမ်း အိပ်ပြီးနောက် နံနက်အိပ်ရာထ မျက်နှာသစ်ပေးနိုင်ပါတယ်။

ဆိုးဆိုးရွားရွားအမည်းစက် ထွက်သူတွေအနေနဲ့ အလှပြင်ဆိုင် တွေမှာ မကြာခဏ ကြေးချွတ်ခြင်းကို တစ်လတစ်ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: သစ်ထူးလွင်

Tags:

Latest Comments

Leave a Comment

Related News