Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နှာခေါင်းခွဲပေးတာ မကြိုက်လို့ ဆရာ၀န်ကို ပြန်သတ်ခဲ့တဲ့ လူနာကို သေဒဏ်ချမှတ်

Image



တရုတ်နိုင်ငံ၊ Zhejiang ဒေသ က တရား ရုံးတော် တစ်ခု ဟာ ဆရာ၀န် ကို သတ် ခဲ့တဲ့ လူနာကို သေ ဒဏ် ပြစ်ဒဏ် ချမှတ် ခဲ့တယ် လို့ သိရ ပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တို ဘာလက ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အသက် (၃၃) နှစ် အရွယ်ရှိ တရားခံ Lian Enqing ကို ရုံး တော် က သေဒဏ် ပြစ်ဒဏ် ချမှတ် လိုက်ခြင်း ဖြစ် ပါ တယ်။

Lian Enqing ဟာ နှာခေါင်းကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးနောက် အသက်ရှူ ပိုင်းဆိုင်ရာေ၀ဒနာခံစား နေ ရတယ်လို့ စိတ်ထဲ မှာ ထင်မှတ်ပြီး၊ ၀ီလင်းမြို့ရှိ နား၊ နှာခေါင်း ဆေးရုံမှာ ဆေး ကုသ ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာဆရာ၀န်တွေကို ပြန်လည်ခွဲစိတ်ပေးဖို့ တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဆရာ၀န်တွေ က ဘာမှမဖြစ်ဘူးလို့ ပြောဆိုတာကို လက် မခံဘဲ ဆေးရုံကို အတင်း၀င် ရောက်ကာ လူ သတ်မှု ကျူးလွန် ခဲ့ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုကြောင့် ဆရာ၀န်တစ်ဦးသေဆုံး ခဲ့ရပြီး၊ အခြားဆရာ၀န်နှစ်ဦး ဒဏ်ရာအပြင်း အထန်ရခဲ့ပါတယ်။ တ ရားခံရဲ့ အစ်မဖြစ်သူက သူ့မောင်လေးဟာ စိတ်ရောဂါ ေ၀ဒနာ ရှိနေ တယ်လို့ တရားရုံးမှာ လျှောက်ထား မှုပြု လုပ် ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါ့အပြင် သေ ဒဏ်ကို အယူခံ၀င်ခဲ့ရာမှာလည်း အောင်မြင် ခဲ့ ခြင်းမရှိပါဘူး။

တရားရုံးတော်က တရားခံဟာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ် လို့ ကောက်ချက်ချခဲ့ပြီး သူနဲ့ ထိုက် တန်တဲ့ ပြစ်ဒဏ်ကို စီရင်ခဲ့ခြင်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: New Myanmar News

#

Tags:
  • ,

Latest Comments

Leave a Comment