Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နှစ်ရှည်လများကြာအောင် အရက်စွဲနေတဲ့ လူပေါင်း ၈၀၀၀ ကျော်ကို အရက်ဖြတ်ပေးခဲ့တဲ့ဆရာတော်

Image



နှစ်ရှည်လများကြာအောင် အရက်စွဲနေတဲ့ လူပေါင်း ၈၀၀၀ ကျော်ကို ကျောက်ပန်းတောင်းမြို့နယ်ရှိ ယုန်ထောင်တောရကျောင်း ဆရာတော်အရှင်တေဇနိယျက အရက်ပြတ်အောင် ကုသပေးနိုင်ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၊ ကွဲျကန်ကျေးရွာ အလွန်တောထဲမှာ တပါးတည်း တောရတည်ဆောက်နေတဲ့ ဆရာတော်အရှင်တေဇနိယျက နှစ်ပေါင်းများစွာ အရက်စွဲနေသူတွေကို သစ္စာရေတိုက်ပြီး အရက်ဖြတ်ပေးနေတာပါ။

ဆရာတော်ဆီကို မြန်မာပြည်ဒေသအနှံ့အပြားက အရက်ဖြတ်လိုသူတွေ လာရောက်ကြပြီး ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်နဲ့ ကော့သောင်းမြို့တွေကနေ လာရောက် အရက်ဖြတ်ကြသူတွေလည်း ရှိနေပါတယ်။

ဆရာတော်ဟာ အရက်သာမက မူးယစ်ဆေးဝါးစွဲနေသူတွေနဲ့ ဘီယာ၊ ခေါင်ရည်စွဲသူတွေကို ပြတ်သွားအောင်လည်း ကူညီကုသပေးနေတယ်လို့ သိရပါတယ်။

အရက်လာဖြတ်သူတွေဆီက အမြဲတမ်းဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့ သူတို့ရဲ့ အခြေအနေကိုလည်း ဆရာတော်က မပြတ်စစ်ဆေးပေးနေပြီး အဲဒီထဲကနေ လူ ၃၀၀ လောက်ကတော့ အရက်ပြန်သောက်တာရှိတယ်လို့ ဆရာတော်အရှင်တေဇနိယျက မိန့်ပါတယ်။

ဆရာတော်ဟာ တောတောင်တွေထဲမှာ သွားရောက် ဂူအောင်း သီတင်းသုံးလေ့ရှိပါတယ်။ သူ့ရဲ့ တောကျောင်းလေးအနားမှာ အရက်လာဖြတ်သူတွေက လှူဒါန်းတဲ့ ငွေကြေးအလှူတွေနဲ့ စေတီတွေ၊ ရုပ်ပွားတော်တွေ တည်ထား ပူဇော်ထားပါတယ်။

ဖေအောင်

ဖိုးသူတော် (www.phothutaw.com)

Credit:DVB TV News

#

Latest Comments

Leave a Comment

Related News