Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နှစ်ပေါင်း ၂၅ နှစ်လောက် ခံစားနေရတဲ့ ဆီးချို ရောဂါ ဒီနည်းနဲ ့ပျောက်ကင်းသွားပါပြီ

Image



သင့်ရဲ့Like & Share တစ်ချက်ကြောင့် ရောဂါသည်တစ်ဦး သက်သာပျောက်ကင်းခဲ့ရင် ဘယ်လောက်ကုသိုလ်ရလိုက်မလဲ…

နှစ်ပေါင်း ၂၅ နှစ်လောက် ခံစားနေရတဲ့ ဆီးချို ရောဂါ ဒီနည်းနဲ ့ပျောက်ကင်းသွားပါပြီ။ 2

လူတယောက်ဟာ တနေ ့မှာနေမကောင်းဖြစ်သတဲ့ သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့ ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ ့ဆရာဝန်ပြ စစ်ဆေးကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့

ဒီလို နဲ ့ ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်

အသက် ၅၇ မှာ မလေးရှားက သူ ့မောင်နှမတွေဆီလာလည်တော့ သူ ့မှာ ဆီးချို ရောဂါဖြစ်နေတာကို သိတော့ ညီတယောက်က ဒီကြက်သံပုရာပေါင်းကို လုပ်ကျွေးပါတယ်

နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ ့ပျောက်ကင်းသက်သာရာရခဲ့လို ့ သူလည်း ပျောက်ချင်စိတ်နဲ ့ သောက်ပါသတဲ့

ကြက်ပေါင်းနည်းက ၆၀သားလောက် အနေတော် ကြက်တကောင်ကို ခြေထောက်နဲ ့ ခေါင်း ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ ့ ရေကို ကြက်မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ

အဲဒီကြက်ပေါင်းကို သူ ့ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်

အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ ့ လုပ်ခဲ့ပါတယ်

ဒီလိုနဲ ့ ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ဆီးချို အတက်အကျ မရှိတော့လို ့ ဆရာဝန်က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်

ဆီးချိုတိုင်း ကိရိယာလေးနဲ ့ အမြဲပဲ စောင့်စစ်ဆေးတော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်

အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့လုပ်စားဖြစ်ပါတယ်

ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ ့ အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ ့ ဘဝကို ဖြတ်သန်းနေပါသတဲ့

ဆီးချိုအတွက် လုပ်စားကြည့်လို ့လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ ့ ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်

*အတွင်းကလီစာများကို ထုတ်ပြီး သန် ့စင်ထားတဲ့ ကြက် ( မွေးမြူရေးကြက်မဟုတ်တဲ့ ဗမာကြက် ရရင် ပိုကောင်းပါတယ် )

ကို ခေါင်း နဲ ့ ခြေထောက်ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ကို ခြမ်းပြီး ကြက်ကို ရေမြုပ်ရုံထည့် ပြီး မီးအေးအေး မှာ ၂ ထပ်ပေါင်းအိုးနဲ ့ ၁ နာရီ နီးပါး ပေါင်းပါတယ်

ဒယ်အိုးထဲမှာရေထည့်ပြီး ကြက်ထည့်ထားတဲ့ အိုးကိုထည့်ပေါင်းလည်းရပါတယ်

ဟပ်က ( Hokkien ) လူမျိုးတို ့ရဲ ့ ရိုးရာဆေးနည်းလို ့ သိရပါတယ် ဆေးလည်းအစာ အစာလည်းဆေး ပေါ့နော် ..

(သတိ – CP ကြက်တွေကိုအသုံးမပြုပဲ အိမ်ကြက်ကိုသာအသုံးပြုရမှာဖြစ်ပါတယ်)

ဖိုးသူတော် (www.phothutaw.com)

Credit: tawthu

#

Tags:
  • ,

Latest Comments

Leave a Comment