Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နေ့တိုင်း တရားထိုင်သင့်တဲ့ အကြောင်းရင်း (၁၀)ခု

Image



တရားထိုင်ခြင်းဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို ရရှိစေပြီး ကိုယ့်အကြောင်းကိုယ်

ပိုပြီး နားလည်သဘောပေါက်လာစေတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

အချိန်နည်းနည်းပဲ ဖြစ်စေ၊ များများဖြစ်စေ နေ့စဉ်နေ့တိုင်း တရားထိုင်သင့်တဲ့

အကြောင်းရင်း (၁၀)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ပိုသတိကောင်းပြီး ဆင်ခြင်နိုင်စွမ်းကောင်းလာစေတယ်

နေ့တိုင်းတရားထိုင်မယ်ဆိုရင်

သင့်ရဲ့အတွေးအကြံနဲ့ အလုပ်အကိုင်တွေမှာ ပိုပြီးတော့ သတိကောင်းလာမှာ

ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သင့်ရဲ့စိတ်ဟာ တစ်နေ့ကုန် တည်ငြိမ်မှုမရှိပဲ

ဟိုဟိုဒီဒီရောက်ရှိနေလေ့ရှိပါတယ်။ တရားထိုင်ခြင်းအားဖြင့် ဘယ်အတွေးကတော့

ယုံကြည်လက်ခံသင့်တယ် ဘယ်အတွေးကတော့ အချည်းနှီးဖြစ်စေတယ်ဆိုတာကို

ခွဲခြားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ပေါ်မှာ

အာရုံစူးစိုက်နိုင်စွမ်း တိုးတက်လာစေနိုင်ပါတယ်။

၂။ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့နည်းစေတယ်

လူတိုင်း

စိတ်ဖိစီးမှုနဲ့ မကင်းနိုင်ကြပါဘူး။ အချို့သော စိတ်ဖိစီးမှုတွေက

ရှောင်လွှဲလို့မရနိုင်ပါဘူး။ စိတ်ဖိစီးမှုများခြင်းဟာ ကျန်းမာရေးကို

ထိခိုက်စေနိုင်ပါတယ်။ တရားထိုင်ခြင်းကတော့ နေ့စဉ်နေ့တိုင်းမှာ မိမိကိုယ်ကို

ပြန်လည်ဆန်းစစ်နိုင်စေပြီး အသက်ရှုသွင်း ရှုထုတ်တိုင်းမှာ လက်ရှိအချိန်ကိုပဲ

အာရုံစိုက်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ များပြားလာခြင်းကို

ဟန့်တားပေးပြီး စိတ်ရဲ့ငြိမ်းချမ်းတည်ငြိမ်မှုကို ရရှိစေနိုင်ပါတယ်။

၃။ စိတ်ခံစားမှုတွေကို ပိုပြီး ထိန်းသိမ်းနိုင်လာစေတယ်

လူသား

အားလုံးဟာ စိတ်ခံစားမှုတွေနဲ့ မကင်းနိုင်ကြပါဘူး။ ပျော်ရွှင်တယ်၊

စိတ်ဆိုးဒေါသဖြစ်တယ်၊ ၀မ်းနည်းတယ်၊ စသဖြင့် နေ့စဉ်နဲ့အမျှဆိုသလို

စိတ်ခံစားမှု မျိုးစုံဖြစ်ပေါ်နေတတ်ကြပါတယ်။ လူအများစုက သူတို့ရဲ့

စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်တတ်ကြပဲ အလွယ်တကူလက်ခံ

ခံစားလိုက်တတ်ကြပါတယ်။ ပျော်တယ်၊ ၀မ်းနည်းတယ်၊ ဒေါသဖြစ်တယ် စတဲ့

စိတ်ခံစားမှုတွေကို တရားထိုင်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။

တရားထိုင်တဲ့ အလေ့အကျင့်ပိုများလေလေ၊ စိတ်ခံစားမှုတွေကို ဖြစ်စေနိုင်တဲ့

အတွေးနဲ့ အလုပ်တွေကို ပိုမိုပိုင်းခြားသိမြင်လာပြီး ထိန်းချုပ်နိုင်မှာ

ဖြစ်ပါတယ်။

၄။ ဆုံးဖြတ်ချက်တွေ ပိုပြီး မှန်ကန်လာမယ်

နေ့စဉ်နေ့တိုင်း

တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့အတွေး၊ အလုပ်နဲ့ စိတ်ခံစားမှုတွေကို

ပိုပြီးဆင်ခြင်ထိန်းချုပ်နိုင်လာမှာ ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တွေ

ချမှတ်ရာမှာလည်း ပိုပြီးအထောက်အကူဖြစ်စေပါတယ်။ ကသောင်းကနင်းအခြေအနေတစ်ခုမှာ

စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပဲ သေချာဆင်ခြင်သုံးသပ်ပြီး အမှန်ကန်ဆုံး

ဆုံးဖြတ်နိုင်စေမှာဖြစ်ပါတယ်။

၅။ ဘ၀ရဲ့ ခြေလှမ်းတွေကို ဖြည်းဖြည်းမှန်မှန် လှမ်းနိုင်စေတယ်

ဘ၀ဆိုတာက

တာတိုပြေးပွဲမဟုတ်ပါဘူး။ မာရသွန်ပြေးပွဲတစ်ခုဖြစ်ပါတယ်။ အလောတကြီး

အလျှင်စလို လုပ်စရာမလိုပဲ ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံနိုင်ဖို့ လိုပါတယ်။

တရားထိုင်ခြင်းဟာ သင့်ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး

ဖြည်းဖြည်းမှန်မှန်အလုပ်လုပ်စေနိုင်တာကြောင့် အခြားအရာအားလုံးကိုလည်း

ဖြည်းဖြည်းမှန်မှန်အတိုင်း လုပ်ဆောင်ပြီးမြောက်သွားစေနိုင်ပါတယ်။

၆။ အရည်အချင်းတစ်ခု တိုးတက်လာစေတယ်

အခြားအရည်အချင်းတွေ

မဟုတ်ပါဘူး။ တရားထိုင်တဲ့ အရည်အချင်းကို ဆိုလိုပါတယ်။ တရားထိုင်ခြင်းဟာ

အခြားအရည်အချင်းတွေလိုပဲ လေ့ကျင့်မှုနဲ့ အာရုံစူးစိုက်မှုတွေ လိုအပ်ပါတယ်။

ဒါ့အပြင် ပုံမှန်တရားထိုင်ခြင်းအားဖြင့် အခြားအရည်အချင်းတွေကို

သင်ယူဖို့လည်း လွယ်ကူစေနိုင်ပါတယ်။ တရားထိုင်ခြင်းဟာ

ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ ကျရှုံးစရာလည်း မရှိပါဘူး။ လုပ်ကြည့်မယ်ဆိုရင်

အကျိုးကျေးဇူးပဲ ရှိပါတယ်။ ဆုံးရှုံးစရာ မရှိပါဘူး။

ဘာသာရေးအလေ့အကျင့်တစ်ခုအနေနဲ့ ကျင့်နိုင်သလို အခြားအကျိုးကျေးဇူးတွေလည်း

ရရှိနိုင်စေတဲ့ အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။

၇။ ကျေနပ်ပျော်ရွှင်မှုကို ပိုမိုခံစားရမယ်

ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့

ဘ၀တစ်ခုကို မလိုချင်တဲ့သူ မရှိပါဘူး။ တရားထိုင်ခြင်းဟာ သင့်ဘ၀ရဲ့

ကောင်းခြင်းတွေကို မြင်နိုင်စေပြီး ကျေနပ်စရာတွေကို ခံစားမိစေနိုင်ပါတယ်။

လက်ရှိဘ၀ကိုလည်း ပိုမို အသိအမှတ်ပြုနိုင်လာမှာ ဖြစ်ပါတယ်။

၈။ အခမဲ့ လုပ်ဆောင်နိုင်တယ်

တရားထိုင်ခြင်းကြောင့် ငွေကုန်ကြေးကျ မရှိပါဘူး။ ဘယ်နေရာ ဘယ်အချိန်ပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တဲ့ အကျင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

၉။ ဘယ်နေရာမှာမဆို လုပ်ဆောင်နိုင်တယ်

တရားထိုင်ဖို့အတွက်

အဆင်ပြေမယ့်နေရာတစ်ခုကို ရွေးချယ်လိုက်ပါ။ အများစုကတော့

တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုကို ရွေးလေ့ရှိပါတယ်။ သဘာ၀နဲ့

နီးစပ်တဲ့နေရာတစ်ခုမှာလည်း လုပ်ဆောင်နိုင်ပါတယ်။

၁၀။ အမှန်တကယ် အကျိုးသက်ရောက်မှုရှိတယ်

တရားထိုင်ခြင်းရဲ့

အကျိုးကျေးဇူးတွေကို သိပ္ပံနည်းကျ အတည်ပြုထားပြီးသား ဖြစ်ပါတယ်။

ပုံမှန်တရားထိုင်တဲ့ အလေ့အကျင့်ရှိသူတွေဟာ ဘ၀မှာတွေ့ကြုံရတဲ့ လောကဓံတွေကို

ပိုမို ခံနိုင်ရည်ရှိလာစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေအနေနဲ့

သွေးဖိအားကို လျော့နည်းစေခြင်း၊ စိုးရိမ်သောက နည်းပါးစေခြင်း နဲ့

ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေအနေနဲ့ ခံစားမှုနဲ့ အတွေးတွေကို

ပိုမိုနားလည်လာစေပြီး ပျော်ရွှင်မှုကို ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Gentleman Magazine

Latest Comments

Leave a Comment

Related News