Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နားကြပ်အကြာကြီးတပ်ထားသူတွေ နားထဲမှာ ဝက်ခြံအမဲစက်ပေါက်နိုင်

Image



မျက်နှာ၊ နှာခေါင်းနှင့် ပါးများပေါ်မှာ ဝက်ခြံအမဲစက်တွေ ထွက်တာကို မြင်ဖူး၊

ကြားဖူး သိဖူးကြပါတယ်။ အဲဒီအတွက် ဆေးတွေကြော်ငြာတာ ရောင်းချနေတာလည်း

တွေ့ဖူးတော့ အဆန်းတကြယ်မဟုတ်လှပါဘူး။ ဒါပေမယ့် နားကြပ်များကို

ကြာကြာသုံးစွဲခြင်းကြောင့် နားထဲမှာလည်း အလားတူအမဲစက်တွေ

ထွက်လာနိုင်တယ်လို့ ဆေးပညာရှင်များရဲ့ သတိပေးချက်ကတော့ ထူးဆန်းနေပါတယ်။

အမဲစက်နဲ့ ဝက်ခြံများဟာ

ဟော်မုန်းနဲ့ မျိုးရိုးဗီဇတွေကြောင့် ဖြစ်ပေါ်နိုင်သလို နေ့စဉ်

အလေ့အကျင့်ဆိုးများ ကြောင့်လည်း အရေပြားကိုထိခိုက်စေနိုင်ပါတယ်။

ဥပမာအနေနဲ့ပြောပြရရင် နားကြပ်များ အချိန်ကြာကြာတပ်

ဆင်သုံးစွဲခြင်းပင်ဖြစ်ပါတယ်။

လူအချို့ဟာ အားကစားခန်းမတွေ၊ ကျောင်း၊

အလုပ်၊ လမ်းမပေါ်နှင့် အချိန်ကြာကြာ ဘတ်စ်ကား စီးတဲ့အခါမှာ နားကြပ်ကို

သီချင်းနားထောင်ဖို့အသုံးပြုကြပါတယ်။ သီချင်းနားထောင်ခြင်းဟာ သင့်ကို

စိတ်ဖြေဖျောက်မှု ပေးစွမ်းနိုင်သော်လည်း သင့်ရဲ့ နားထဲမှအရေပြားကို

ထိခိုက်စေနိုင်ပါတယ်။

ပုံမှန်အားဖြင့် အမဲစက်တွေဟာ နှာခေါင်းနဲ့

ပါးတစ်ဝိုက်မှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအမဲစက်တွေဟာ

နားထဲမှာပါဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ကြားရတာတော့ တစ်မျိုးကြီး ဖြစ်နေ

ပါလိမ့်မယ်။ သို့ပင်မယ့် ဆေးပညာရှင်များရဲ့ အဆိုအရ နားကြပ်တွေကို

ကြာကြာအသုံးပြုခြင်းဟာ အထက်ပါ အခြေအနေတွေကို ဦးတည်စေပါတယ်။ နားရဲ့အပြင်ဘက်

အစိတ်အပိုင်းတွေမှာ နှာခေါင်းနဲ့ ပါးကဲ့သို့ပင် အဆီဂလင်းတွေပါကြောင်း၊

အဆီဂလင်းတွေဟာ အမဲစက်တွေကို ဖြစ်စေကြောင်း သိရပါတယ်။

မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်တော့

နားအပြင်ဖက်ကို စနစ်တကျ သန့်ရှင်းခြင်းဖြင့် နားကိုမပိတ်ဆို့အောင်

ပြုလုပ်ပါ၊ နားကြပ်အသုံးပြုချိန် လျော့ချခြင်းကလည်း အသားအရေ ယားယံမှုကို

ကာကွယ်နိုင်ကြောင်း သိရပါတယ်။ တကယ်လို့ဖြစ်လာခဲ့ရင်လည်း ရောဂါ

ကူးစက်မခံရအောင် ကိုယ်တိုင်မပြုလုပ်သင့်ပဲ ဆရာဝန်နှင့် ပြသင့်ကြောင်း

သတိပေးထားပါတယ်။

 ဖိုးသူတော် (www.phothutaw.com)

Credit: Popolay

Latest Comments

Leave a Comment

Related News