Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နာမည်ကြီး Despacito သီချင်းဆိုပြီး ပရိသတ်ကြည့်ဖို့ တင်ပေးလိုက်တဲ့ မေမြတ်နိုး ...!

Image



မေမြတ်နိုး ကတော့ ပရိသတ်တွေကို ရသအသစ်တစ်ခု ပေးလိုက်ပါပြီ။အဲ့ဒါကတော့ နာမည်ကြီး Despacito သီချင်းကို ဆိုပြီး ပရိသတ်တွေအတွက် သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်လိုက်တာ ဖြစ်ပါတယ်။

Smule နဲ့ အဲ့ဒီသီချင်းကို ဆိုထားပြီး ဖေ့စ်ဘွတ်ပေါ်မှာ ပြန်တင်လိုက် တာ ဖြစ်ပါတယ်။

Despacito သီချင်းကို ဆိုပြီး တင်ထားတဲ့သူမရဲ့ ဗီဒီယို ဖိုင်ကတော့ တစ်နာရီအတွင်းမှာ ကြည့်ရှုသူ ခုနှစ်ထောင် ကျော်သွားခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူမဆိုထားတာကို အားပေးကြတာလည်း တွေ့ရပါတယ်။

နားထောင်လို့ ကောင်းတယ်ဆိုတဲ့ ကောမန့်တွေနဲ့ သူမဆိုတာ ကြိုက်တယ်ဆိုတဲ့ ကောမန့်တွေကတော့ သူမတင်ထားတဲ့ ဗီဒီယို ဖိုင်အောက်မှာ ပြည့်နေခဲ့ပါတယ်။

    Smule မှာကြည့်လို့ အဆင်မပြေဘူးထင်လို့…Despacito Cover လေးပါရှင့်Spanish လို မတတ်ပေမဲ့ သီချင်းလေးကိုကြိုက်လို့ အကောင်းဆုံးကြိုးစားပြီးဆိုထားတာပါရှင့် အားပေးကြပါဦး😍😘

ဗီဒီယိုဖိုင်လေး တင်ပြီး ယခုလိုလည်း ရေးသားထားပါတယ်။

“Smule မှာကြည့်လို့ အဆင်မပြေဘူးထင်လို့.Despacito Cover လေးပါရှင့်။ Spanish လို မတတ်ပေမဲ့ သီချင်းလေးကို ကြိုက်လို့ အကောင်းဆုံးကြိုးစားပြီးဆိုထားတာပါရှင့် အားပေးကြပါဦး” ဆိုပြီး ပြောထားပါတယ်။

အဲ့ဒီသီချင်းဟာ ဆိုရင် နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ပြီး အဆိုတော် Justin Bieber Luis Fonsi နဲ့ Daddy Yankee တို့ဆိုထားတာ ဖြစ်ပါတယ်။

မေမြတ်နိုးကတော့ ပြည်တွင်းမှာသာမက နိုင်ငံတကာနဲ့လည်း အနုပညာလှုပ်ရှားမှုတွေ တွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ဒီလ(သြဂုတ်)ထဲမှာလည်း ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ အခမ်းအနားမှူးပြုလုပ်ဖို့ အတွက် ကမ်းလှမ်းခြင်း ခံထားရတယ်လို့ သိရပါတယ်။

Photo : မေမြတ်နိုး ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Latest Comments

Leave a Comment

Related News