Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

Image



ဒီအချိန်ဆို နာနတ်သီးပေါ်တဲ့ရာသီမို့ နာနတ်သီးလေးတွေ နေရာအနှံ့လိုလို ရောင်းချနေတာတွေ့ရပါတယ်။ နာနတ်သီးဟာ အရသာရှိပြီး အဟာရဓာတ်ပြည့်၀စွာပါ၀င်လို့ လူကြိုက်များတဲ့အသီးတစ်မျိုးပါ။ နာနတ်သီးမှာပါ၀င်တဲ့ ကျန်းမာရေးနဲ့ ဆေးဖက်ဆိုင်ရာအကျိုးကျေးဇူးတွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုကောင်းမွန်စေသလို၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်းကိုလည်း သက်သာစေပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီး ချိုပေမယ့် ၀ိတ်မတက်စေတဲ့အသီးပါ။ အရိုးကိုသန်မာစေသလို ခံတွင်းကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်လို့ဆိုပါတယ်။ နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှေ၀ပေးရမယ်ဆိုရင်တော့

ကိုယ်ခံအားစနစ်

နာနတ်သီးတစ်လုံးမှာ လူတစ်ယောက်အတွက် တစ်နေ့တာလုံးမှာလိုအပ်တဲ့ ဗီတာမင် C ပမာဏကြွယ်၀စွာပါ၀င်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးလို့ သင့်ကို ကျန်းမာသန်စွမ်းစေပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း

နာနတ်သီးမှာ ဗီတာမင်A, Beta Carotene, Bromelain စတဲ့ Antioxidant တွေကြွယ်၀စွာပါ၀င်ပြီး မဂ္ဂနီဆီယမ်ဓါတ်လည်းကြွယ်၀စွာပါ၀င်လို့ ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

အစာချေစနစ်

အမျှင်ဓာတ်တွေကြွယ်၀စွာပါ၀င်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် နာနတ်သီးကိုစားပေးမယ်ဆိုရင် ၀မ်းချုပ်တာ၊ ၀မ်းလျှောတာ ကိုကာကွယ်ပေးပါတယ်။ အူလမ်းကြောင်းကိုကျန်းမာစေပြီး သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

အရိုးကျန်းမာရေး

ကယ်လ်ဆီယမ်ဓာတ်ကြွယ်၀စွာပါ၀င်လို့ အရိုးကို ကျန်းမာကြံ့ခိုင်စေပါတယ်။

ခံတွင်းကျန်းမာရေး

Antioxidant Compound ဓာတ်တွေ ကြွယ်၀စွာပါ၀င်ပြီး ခံတွင်းကို သန့်စင်ပေးလို့ ခံတွင်းရောဂါအမျိုးမျိးမှ ကင်းေ၀းစေပါတယ်။ သွားဖုံးကိုလည်း ခိုင်ခံ့စေပါတယ်။

မျက်လုံးကျန်းမာရေး

အမြင်အာရုံဆိုတာ ကျွန်မတို့ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂ ါအစိတ်အပိုင်းတ်စခုပါပဲ။ နာနတ်သီးဟာ အမြင်အာရုံကိုကောင်းမွန်စေပြီး အသက်ကြီးလို့ဖြစ်လာတဲ့ အမြင်အာရုံေ၀၀ါးမှုကို နှောင့်နှေးစေပါတယ်။ Beta Carotene ပါ၀င်လို့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအား

နာနတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်၀စွာပါ၀င်လို့ သွေးဖိအားများတဲ့သူတွေ စားပေးနိုင်တဲ့အသီးပါပဲ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးကြောလေးတွေကို သက်သောင့်သက်သာဖြစ်စေပါတယ်။

သိထားရမယ့်အချက်လေးတွေ

နာနတ်သီးကိုစားမယ်ဆိုရင်တော့ ယားတတ်တဲ့အဆူးလေးတွေကို သေချာဖယ်ပြီး ဆားနဲ့ အပြင်ပိုင်းကို လူးပေးပြီးစားပေးမယ်ဆိုရင် လျှာယားတာကိုလည်း သက်သာစေပါတယ်။ အလွန်အကျွံစားရင် လျှာလောင်တာမျိုးဖြစ်စေလို့ တချို့ အရမ်း sensitive ဖြစ်တတ်တဲ့သူတွေ လျှော့စားပေးပါ။ ကိုယ်၀န်ရှိတဲ့အမျိုးသမီးတွေကတောာ့ နာနတ်သီးကိုရှောင်သင့်ပါတယ်။ Bromelain ပါ၀င်မှုမြင့်မားလို့ အခန့်မတင့်ရင် ကိုယ်၀န်ကိုထိစေနိုင်ပါတယ်။ အလွန်အကျွံစားရင် ခေါင်းကိုက်တာ ပျို့အန်တာ၊ ၀မ်းလျှောတာမျိုးဖြစ်စေလို့ အလွန်အကျွံမစားပါနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)

Credit: everydaynewszone

Latest Comments

Leave a Comment

Related News