Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဒီနည်းလမ်းတွေ သင်သိလား

Image



အလွယ်တကူ ဖြစ်ပေမဲ့ အသုံးတည့်စေတဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် သိထားသင့်ပါတယ်။

--

၁။ ဆေးရောင်ခြယ်တဲ့ cryon ရောင်စုံခဲတံကို ဖယောာင်းတိုင်ကဲ့သို့ မိနစ် ၃၀ ကြာ မီးထွန်းနိုင်ပါတယ်။

-

၂။ အဖုံးပါတဲ့ ပလတ်စတစ်ဘူးတွေကို ကြာရှည်သိမ်းထားတဲ့အခါ ကော်အနံ့နံတတ်ပါတယ်။ ဒီလို မဖြစ်အောင် ပလတ်စတစ်ဘူးထဲမှာ ဆားအနည်းငယ်ထည့်ပြီး သိမ်းထားနိုင်ပါတယ်။

-

၃။ ဆံပင်မှာ ပီကေ ကပ်နေတဲ့အခါ ကိုကာကိုလာ စွတ်ထားပြီး မိနစ် အနည်းငယ်ကြာထားပေးပါ။ ပီကေ ကွာကျသွားပါလိမ့်မယ်။

-

၄။ ရှူးဖိနပ်ထဲက အနံ့ဆိုး ပျောက်အောင် လက်ဖက်ခြောက်အိတ်လေးတွေ ထည့်ထားပေးလို့ ရပါတယ်။

-

၅။ ကားမောင်းတဲ့အခါ အိပ်မငိုက်အောင် ဘေးနားက လိုက်ပါစီးနင်းသူက ဟာသတွေ ပြောပေးပါ။ ဒါမှမဟုတ် အက်ဖ်အမ်ရေဒီယိုက ထုတ်လွှင့်တဲ့ ဟာသအစီအစဉ်တွေ နားထောင်ပါ။ ရယ်မောနေချိန်မှာ လုံးဝ အိပ်မငိုက်နိုင်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)

Credit: Life Hacks, Geek

Latest Comments

Leave a Comment

Related News