Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဒီနည်းလမ်းတွေကြောင့် ကိုယ်၀န်ရနိုင်တယ်

Image



ကွန်ဒုံသုံးရုံ၊ တားဆေးသောက်ရုံနဲ့ ကိုယ်၀န် ကို ကာကွယ်ဖို့ လုံလောက်ပါရဲ့လား။ Sperm cell နဲ့ egg cell တွေဆုံသွားတဲ့အခါ သန္ဓေတည်ပြီး ကိုယ်၀န်ဆောင်နိုင်တယ်ဆိုတာ လူတိုင်းအသိပါ။ ဘယ်လောက်ပဲ တားဆီးပါစေ မမျှော်လင့်ဘဲကိုယ်၀န်ရသွားနိုင်တဲ့ နည်းလေးတွေရှိနေပါတယ်။ အဲဒါကို ယေးလ်တက္ကသိုလ်ရဲ့ မျိုးဆက်ပွားကျန်းမာရေးပါမောက္ခ ဒေါက်တာ မယ်ရီ ဂျိန်း မင်ကင်က အခုလိုပဲ ပြောပြသွားပါတယ်။

အားသုံးဖောက်တာ

သွား၊ လက်သည်းညှပ်၊ ကပ်ကြေး စတာတွေဟာ ကွန်ဒုံဖောက်တဲ့အခါ သတိထားရမယ့် ပစ္စည်းတွေပါ။ နူးညံ့ပါးလွှာလွန်းတဲ့ပစ္စည်းဖြစ်တာကြောင့် အနည်းငယ်ပွန်းမိရုံနဲ့တင် ပေါက်ပြဲသွားဖို့ ရာခိုင်နှုန်းများပါတယ်။

အဟောင်းတွေသုံးတာ

သက်တမ်းတော့မကုန်သေးဘူး။ ဒါပေမယ့် ပိုက်ဆံအိတ်ထဲ အပူအအေးဒဏ် ခံစားရဖန်များလာတဲ့အခါ ကွန်ဒုံရဲ့ စွမ်းဆောင်ရည် ကျသွားပါတော့တယ်။

အဆီအခြေခံထားတဲ့ ကွန်ဒုံ

သူ့မှာပါတဲ့ အဆီက ကွန်ဒုံရဲ့ အရည်အသွေးကို ကျစေပြီး လူမျက်စိနဲ့ မမြင်နိုင်တဲ့ အပေါက်သေးသေးလေးတွေအထိ ပေါက်သွားနိုင်ပါတယ်။ ဒါပေမယ့် သုတ်ပိုးတွေအတွက်ကတော့ ဆန်ကာပေါက်ကြီးပေါ့။

နေရာမချန်ခဲ့တာ

ကွန်ဒုံသုံးကတည်းကထိပ်မှာ သုတ်ရည်တွေအတွက် နေရာလေး ချန်ထားပေးဖို့လိုတာပါ။ ဒီလိုမှမဟုတ်ရင်တော့ လျှံထွက်သွားဖို့သာရှိပါတော့တယ်။

တားဆေးတို့ရဲ့ ၁%

တားဆေး၊ diaphragram၊ cervical caps နဲ့ တခြား birth control နည်းလမ်းတွေဟာ ရာနှုန်းပြည့် အာမခံနိုင်ခြင်းမရှိပါဘူး။ ကိုယ်သတိထားရမယ့် 1% လေးက ကိုယ်၀န်ရသွားစေနိုင်ပါတယ်။

အ၀တ် ၀တ်ထားလည်းရနိုင်တယ်

အမျိုးသားရဲ့ သုတ်ရည်ဟာ အတွင်းခံဘောင်းဘီကနေတောင် စိမ့်၀င်ပြီး ကိုယ်၀န်ရနိုင်ခြေရှိပါတယ်။

ရေထဲမှာ လိင်ဆက်ဆံတာ

ရေထဲမှာလိင်ဆက်ဆံခြင်းက သုတ်ပိုးတွေ ကိုယ့်ဆီ၀င်ရောက်ပြီး ကိုယ်၀န်ရနိုင်ခြေရှိနေပါသေးတယ်။

လက်

သူ့ကိစ္စပြီးလို့ သန့်ရှင်းရေးမလုပ်ထားတဲ့ လက်နဲ့ ကိုယ့် ဆန္ဒဖြေဖျောက်ပေးရင်လည်း လက်မှာကပ်ကျန်နေတဲ့ သုတ်ပိုးတွေကြောင့် ကိုယ်၀န်ရနိုင်ခြေရှိပါတယ်။

ဒုတိယအကြိမ်

ပထမအကြိမ်ကို အပြင်မှာ ပြီးလိုက်ပါရဲ့။ ဒါပေမယ့် ဆီးလမ်းကြောင်းထဲ သုတ်ပိုးတွေကျန်နေပါသေးတယ်။ ဒါကို ဒုတိယအကြိမ်ထပ်ပြီး ချီတက်မယ်ဆိုရင်တော့ ကိုယ်၀န်ရနိုင်ပါတယ်။

အနောက်တံခါး

အနောက်ဘက်တံခါး သွားဖွင့်နေလို့ အန္တရာယ်ကင်းသွားပြီမထင်ပါနဲ့ ။ အရည်တွေဟာ တဖြည်းဖြည်းစီးကျပြီး အရှေ့ဘက်ကို ၀င်သွားနိုင်ခြေရှိတာကို သတိရပါ။

ရာသီလာနေတာတောင်မှ

သုတ်ရည်တွေဟာ ခန္ဓာကိုယ်ထဲ ၅ရက်တောင် အသက်ရှင်နေနိုင်တာဖြစ်လို့ ရာသီလာနေတယ်ဆိုပြီး မပေါ့လိုက်ပါနဲ့။

ကိုယ်၀န်ရှိနေတာတောင်မှ

ဒီလိုအချိန် လိင်ဆက်ဆံလို့ ကိုယ်၀န်မရဘူးမထင်ပါနဲ့။ ဒုတိယ egg cell လေးတွေကြောင့် ကိုယ်၀န်ရှိနိုင်ဆဲပါ။ ဒါက ဖြစ်ခဲလှတဲ့ သဘာ၀ဖြစ်စဉ်ဆိုပေမယ့် သတိထားတာပိုကောင်းပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: ksm (MyanmarNote)

#

Tags:
  • ,

Latest Comments

Leave a Comment