Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဒီတစ်ပါတ်အတွက် အခမဲ့ဖျော်ဖြေပွဲတွေရှိမဲ့နေရာများ

Image





အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေ လိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့ နေရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင်ကို ပြသပေးမှာဖြစ်ပြီးစနေနေ့မှာ မြန်မာ့ရိုးရာအက တင်ဆက်မှုအစီအစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာ တော့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာမျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ ကရ၀ိက်ဥယျာဉ်ကမ္ဘာရဲ့ Souvenir ဧရိယာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး YGN Fashion ရဲ့ မိုးရာသီ အထူးစျေးပွဲတော်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံမှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ Music Peace Re-volution ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

− အပန်းဖြေဥယျာဉ်တွေကို မသွားဘဲ စျေး၀ယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုု မိုးရှင်းပွဲလေးတွေလည်း ရှိပါတယ်။

Junction Square ရဲ့ Aqua Hall မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Ford ကားကုမ္ပဏီရဲ့ ပရိုမိုးရှင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။ Marine Hall မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး ဂျော်ဒါနိုးအမှတ် တံဆိပ်ရဲ့ အထူူးစျေးရောင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Water Fountain ဧရိယာမှာတော့ ဒီတစ်ပတ် စနေနေ့မှာ EXO အဖွဲ့ရဲ့ လက်မှတ်ရေးထိုးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

Junction Mawtin မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး L’OREAL နဲ့ Maybelline အလှကုန်တွေရဲ့ ပရိုမိုးရှင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

စိန်ဂေဟာ(ပါရမီ)စျေး၀ယ်စင်တာမှာတော့ ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ Thingyan Lucky Draw Program 2017 ရဲ့ နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံမှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်ရဲ့ May Books Activity ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

မြေနီကုန်း ခုံးကျော်တံတားအောက်မှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ MBC Beatbox Battle 2017 ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဗိုလ်တထောင်ဆိပ်ကမ်း Vintage Luxury Yatch Hotel ၀င်းအတွင်းမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး ဘန်ကောက်ညစျေးကို ပြုလုပ်မှာ ဖြစ် ပါတယ်။        

ဖိုးသူတော် (www.phothutaw.com)

Credit: 7 Days

Latest Comments

Leave a Comment

Related News