Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဒါကတော့ ငါးမျက်စေ့(သို့)အသားမာ(Corn)ဖြစ်ပါတယ်။

Image



ဒီရောဂါဟာလည်း လူနှင့် တိရိစ္ဆာန်​များ၌ ဖြစ်တတ်ပြီး ခံစားရခက်တဲ့

ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။အမှန်တကယ်တော့ ဒီရောဂါဟာ အမြစ်တွယ်တတ်တဲ့

ပိုးတစ်မျိုးဖြစ်ပါတယ်။

ဒီလိုရောဂါဖြစ်ပြီဆိုတာနဲ့ အချို့ဆိုရင်

ဆရာ၀န်တွေနဲ့ပြသ၍ ခွဲထုတ်ပစ်ကြပြီး ပျောက်ကင်းသွားတဲ့လူ ရှိသလို

မပျောက်ကင်းတဲ့လူလည်းရှိပါတယ်။

အခု

ကျွန်တော် ပြောပြမှာက အိမ်တွင်းကုထုံးဖြင့် လွယ်ကူစွာ

လုံး၀ပျောက်ကင်းသွားအောင် ကုသတဲ့နည်း ဖြစ်ပါတယ်။သဘာ၀ဆေးနည်းတွေ အများကြီး

ရှိတဲ့အထဲမှ အကောင်းဆုံးနဲ့ လက်တွေ့(90%)ပျောက်ကင်းစေမည့်

ဆေးစွမ်းကောင်းတလက်ကို ကျွန်တော် မောင်ခါး ဖော်ပြပေးပါ့မယ်။စိတ်မပူပါနဲ့

ဆရာ ခါးခါးနဲ့တွေ့ရင် အမြစ်ပါထွက်သွားစေရမယ် သက်လား....☺

Ok,စလိုက်ရအောင်...

ပုံမှာပြသထားတဲ့အပင်ရဲ့အမည်က အင်္ဂလိပ်လို(Calotropis

Procera)လို့ခေါ်ပါတယ်...မြန်မာလိုဆိုရင်တော့ မုရိုးပင်(သို့)ငဖြူကြီးပင်ဟု

ခေါ်ဆိုပါတယ်။ဒေသအလိုက် အမည်နာမ

ကွဲလွဲနိုင်ပါတယ်။အပွင့်မှာအဖြူပွင့်ပင်ရှိသလို

ပန်းရောင်ပွင့်အနီရောင်ပွင့်အပင်လည်းရှိပါတယ်...ဒါပေမဲ့

အပင်အားလုံးဆေးဖက်၀င်ပါတယ်၊အသုံးပြုလို့ရပါတယ်။

အသုံးပြုပုံက~မိမိ၏

ခြေ/လက်မှ ငါးမျက်စေ့(သို့)အသားမာရဲ့အမြစ်ကို သွေးထွက်အောင် ထိုးဆွပြီး

မုရိုးပင်(သို့)ငဖြူကြီးပင်မှ ထွက်ရှိသော အဖြူရောင် အစေး(milky-white

sap)ကို အသားမာရဲ့အမြစ်အတွင်းထဲသို့ စိမ့်၀င်သွားအောင် ထည့်ပြီး

၀ါဂွမ်းစလေးဖြင့် ပိတ်၍ လေလုံအောင် စည်းပေးထားလိုက်ပါ။နေ့စဉ် မနက်/ည

ဂရုတစိုက် ပြုလုပ်ပေးပါက တစ်ပတ်အတွင်း အမြစ်ပြတ် ပျောက်ကင်းသွားစေရမည်။

မုရိုးပင်ဟာ ဘယ်လောက်အထိ့ ဆေးဖက်၀င်သလဲဆိုရင် အရွက်ကို ဆုံထဲ၌ထည့်ထောင်း၍

အရိုးအက် /အရိုးကျိုးတဲ့နေရာများ၌ အုံ၍ ကြပ်စည်းပေးထားပါက

အရိုးကိုပြန်ဆက်စေပါတယ်။အရွက်ကို ပြုတ်စား သုပ်စား လို့လည်းရပါတယ်။

ငါးမျက်စေ့(သို့)အသားမာကို ပျောက်ကင်းအောင် အခြားသောနည်းလမ်းများဖြင့် ကုသလို့ရပါသေးတယ်..

(1)ကြက်သွန်နီ(Onion)

ကြက်သွန်နီဥကို အခွံခွာ၍ ညက်သွားအောင်ထောင်းပြီး ငါးမျက်စေ့ပေါ်သို့ အုံထားပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

(2)ကြက်သွန်ဖြူ (garlic)

ကြက်သွန်အဖြူကိုလည်း ထောင်း၍ အုံထားပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

(3)သ​င်္ဘောသီး (papaya)

လတ်ဆတ်သော သင်္ဘောသီးအစိမ်းတစ်လုံးကို ထက်ခြမ်းခွဲ၍ ထွက်ရှိလာသော အစေးကို

ငါးမျက်စေ့အနာထဲသို့ စိမ့်၀င်အောင်ထည့်ပေးပြီး ဂွမ်းစဖြင့် ပိတ်၍

စည်းထားပေးပါ။

(4)ကြက်ဆူဆီ(Castro oil)

ကြက်ဆူဆီကို ထည့်ပေးရင်ဖြင့် ငါးမျက်စေ့အနာကို ပျောက်ကင်းစေပါတယ်။

(5)Vitamin E(Oil)

ဆံပင်သန်မာအောင်လိမ်းတဲ့ Vitamin E လို့ခေါ်တဲ့ ဆီကို ထည့်ပေးပါကလည်း ပျောက်ကင်းပါတယ်။

(5)ရှာလကာရည်(Vinegar)

ရှာလကာရည် ကို ထည့်ပေးခြင်းဖြင့်ပျောက်ကင်းစေပါတယ်။

(6)သံပရာရည်(Lemon)

သံပရာရည်ထည့်ပေးလည်း ပျောက်ကင်းပါတယ်။

(7)နနွင်း(ခေါ်)ဆနွင်း(turmeric)

နနွင်း(ခေါ်)ဆနွင်းအမှုန့်ကို ထည့်သိပ်ပေးထားခြင်းဖြင့်လည်း ပျောက်ကင်းစေပါတယ်။

(8)ဆား(salt)

ရေနွေးပူပူထဲသို့ ဆားများများထည့်၍ ငါးမျက်စေ့သွေးထွက်လာသည့်အထိ့ဆွကာ အနာကို ရေစိမ့်ပေးထားခြင်းဖြင့်လည်း ပျောက်ကင်းစေပါတယ်။

(9)နာနတ်​သီး (pineapple)

နာနတ်သီးအမှည့်ကိုကွင်းလှီးပြီး ကပ်ပေးထားခြင်းဖြင့်ပျောက်ကင်းသက်သာစေပါတယ်။

(10)ဆိုဒါ(soda)

ငါးမျက်စေ့အသားမာကို သွေးထွက်အောင်အမြစ်များကုတ်ထုတ်၍ ဆိုဒါအမှုန့်ကို သိပ်ထည့်ပေးပါက ပျောက်ကင်းစေပါတယ်။

(11)နွယ်ချို(liquorice)

နွယ်ချိုအမြစ်ကို ထောင်း၍ အနာပေါ်သို့ အုံပေးထားခြင်းဖြင့်လည်း ငါးမျက်စေ့(သို့)အသားမာရောဂါကို ပျောက်ကင်းစေပါကြောင်း

ကျေးဇူးတင်ပါတယ်..

ဖိုးသူတော် (www.phothutaw.com)

Credit:ဘ၀ခါးခါး

#

Tags:
  • ,

Latest Comments

Leave a Comment