Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ထူးခြားတဲ့ ခရီးစဉ်တွေကို ကြိုက်နှစ်သက်သူတွေ သွားလည်သင့်တဲ့ နေရာများ

Image



ကမ္ဘာပတ်ပြီး ခရီးသွားဖို့ စိတ်ကူးဟာ လူတိုင်းနီးပါးမှာ ရှိကြပါတယ်။ ဒီလို ခရီးသွားဖို့ ဆုံးဖြတ်တာနဲ့ ကြားရတဲ့ အကြံပေးစကားတွေကလည်း အများအပြားပါပဲ။ အခုဖော်ပြပေးမယ့် နေရာတွေကတော့ ကမ္ဘာလှည့်ခရီးသွားဖို့ စတင်သူတွေ ဒါမှမဟုတ် လူတကာသွားနေကျ ခရီးစဉ်တွေကို မနှစ်သက်သူတွေအတွက် တမူ ထူးခြာတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

(၁) Namibia

တောင်အမေရိကတိုက်ရဲ့ အနောက်တောင်ဖက်မှာ ရှိတဲ့ Namibia နိုင်ငံ အာဖရိကကို စတင် လည်ပတ်မယ့်သူတွေ အတွက် အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ အာဖရိကတိုက်မှာ အဖြစ်များတဲ့ ဘာသာစကား အခက်အခဲဟာ ဒီနိုင်ငံမှာ နည်းပါးပြီး မြို့နေလူထုဟာ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောနိုင်တယ်လို့ သိရပါတယ်။

လည်ပတ်စရာတွေကတော့ ကန္တာရတွေ၊ တောင်တန်းတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို လေ့လာနိုင်တဲ့ အမျိုးသားဥယျာဉ်တွေ ရှိပါတယ်။ လူဦးရေ နည်းပါးတာကြောင့် နေထိုင်သွားလာမှု အဆင်ပြေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံကို သရုပ်ဆောင် Brad Pitt အင်္ဂလန်နိုင်ငံမှ တော်ဝင်မင်းသား Harry အစရှိတဲ့ ကမ္ဘာကျော်တွေဟာ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိကြတယ်လို့ သိရပါတယ်။

(၂) Melbourne

သြစတေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ဒီမြို့ဟာ သက်ဝင်လှုပ်ရှားမှုအရှိဆုံးမြို့အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ မြို့တမြို့ဖြစ်ပါတယ်။ လွယ်ကူတဲ့ အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေးတွေ ရှိပြီး ရာဇဝတ်မှုဖြစ်ပွားမှုဟာလည်း အရမ်းနည်းပါးတဲ့ အတွက် လုံခြုံမှုရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။

ယဉ်ကျေးမှုကြွယ်ဝပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ လည်ပတ်စရာတွေ အများကြီးရှိပါတယ်။ Yarra Velly မှာ တနေ့တာလုံး အပန်းဖြေနိုင်ပြီး နာမည်ကျော် ဝိုင်ဆိုင်တွေ၊ကော်ဖီဆိုင်တွေမှာ စာအုပ်ဖတ်ရင်းလည်း အနားယူနိုင်ပါသေးတယ်။

(၃) Iceland

Iceland ဟာ ရေပူစမ်းတွေကြောင့် နာမည်ကျော်ကြားတဲ့ နေရာဖြစ်ပါတယ်။ ရေပူစမ်းမှာ ရေစိမ်ရင်း အနားယူလို့ ရသလို အားကစားမျိုးစုံကို ပြုလုပ်ဖို့ မြေနေရာကျယ်ကျယ်တွေလည်း ရှိပါတယ်။ ညဖက်မှာ အနားယူ အပန်းဖြေစရာနေရာ အလွန်ပေါများတာကြောင့် ညလုံးပေါက် လည်ပတ်ချင်သူတွေအတွက် အရမ်းသင့်လျော်တဲ့ နေရာဖြစ်မှာ သေချာပါတယ်။

(၄) Taipei

ထိုင်ဝမ်ရဲ့ မြို့တော်ဖြစ်တဲ့ Taipei ဟာ ဖွံ့ဖြိုးမှုမြင့်တဲ့ မြို့ဖြစ်ပါတယ်။ ရုံးဝန်ထမ်းအားလုံးဟာ အင်္ဂလိပ်စကားပဲ ပြောကြတာကြောင့် တရုတ်စကားမတတ်သူတွေ အနေနဲ့ ဘာသာ စကားအခက်အခဲအတွက် စိတ်ပူစရာ မလိုအပ်ပါဘူး။

ဒါ့အပြင် တရုတ်ရိုးရာ စားစရာတွေကို နေရာတိုင်းမှာ ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ မြို့ထဲမှာ လည်ပတ်ဖို့ အတွက် စက်ဘီးငှားတဲ့ နေရာတွေလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမြို့ကို မိသားစုနဲ့ လည်ပတ်ချင်သူတွေ အတွက် လည်ပတ်လို့ အလွန်အဆင်ပြေတဲ့ မြို့အဖြစ် သတ်မှတ်ထားကြပါတယ်။

(၅) Dublin

အိုင်ယာလန်နိုင်ငံရဲ့ မြို့တော် Dublin မြို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေကို လည်ပတ်စရာနေရာမျိုးစုံနဲ့ ဆွဲဆောင်ထားပါတယ်။ ဒီမြို့ကို လာရောက်လည်ပတ်သူတွေအတွက် လမ်းလျှောက်လည်ပတ်တဲ့ ခရီးစဉ်တွေလည်း ရှိပါတယ်။ လည်ပတ်စရာ နေရာတွေကတော့ ပြတိုက်၊ အိုင်းရစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာပြခန်းတွေပဲ ဖြစ်ပါတယ်။ ဒီမြို့ရဲ့ ညစာ စားပွဲရုံတွေဟာလည်း ကမ္ဘာမှာ ကျော်ကြားပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: irrawaddy

Tags:
  • ,

Latest Comments

Leave a Comment