Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ထူးခြားတဲ့ဆုလဒ်နဲ့ပြည့်စုံတဲ့ ဖွားသက်ရှည် နှင့် ဖိုးသက်ရှည် မောင်နှမ (၇) ဦး

Image



ယနေ့ခေတ်မှာ သက်တမ်းစေ့ (သို့) သက်တမ်းကျော်လွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်သူများရှားပါးလာပါတယ်။ သို့သော်ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာမွေးဖွားခဲ့တဲ့ မောင်နှမ (၇) ဦးကတော့ ဒီထူးခြားတဲ့ဆုလဒ်နဲ့ပြည့်စုံပြီး ယနေ့အချိန်အထိ မောင်နှမအားလုံးကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြပါတယ်။ လေးဦးကတော့ မွေးရပ်ဇာတိဖြစ်တဲ့ တောင်ကြီးမြို့မှာနေထိုင်ပြီး ကျန်သုံးဦးကတော့ ရန်ကုန်မြို့မှာနေထိုင်ကြပါတယ်

သူတို့ထဲမှာ အကြီးဆုံးအဖွားခင်ကအသက် (၁၀၂)နှစ်ရှိပြီး အငယ်ဆုံးဖြစ်တဲ့အဖွားထွေးကတော့ အသက် (၈၃) နှစ်ရှိပြီ လို့ဆိုပါတယ်။ မွေးချင်းခုနှစ်ဦးမှာ အလတ်ကသားယောကျင်္ားလေးဖြစ်ပြီး

သူကတော့ အသက် (၉၁)နှစ်ရှိပြီဖြစ်တဲ့ အဖိုးသိန်းဖြစ်ပါတယ်။

သူတို့အားလုံးရဲ့ သက်ရှည်ကျန်းမာခြင်းရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။

မောင်နှမအားလုံး မာန်မာနကင်းပြီးအေးဆေးစွာနေထိုင်တတ်ကြပါတယ်။ ကြီးသူကို ငယ်သူကရိုသေ လေးစားစွာ ဆက်ဆံပြီး အသားထက်အသီးအနှံကိုပိုကြိုက်နှစ်သက်ကြပါတယ်။

 

 မောင်နှမ အားလုံး နေ့စဉ်ဝိပဿနာတရား လေးကြိမ်ထိုင်ခြင်း၊ ဥပုသ်နေ့တိုင်း သီလဆောက်တည်ခြင်း၊ ညစဉ် ၇ နာရီမှာပုံမှန် အိမ်ယာဝင်ပြီး မနက်စောစော ၄ နာရီမှာထပြီး ဘုရားရှိခိုးခြင်းတို့ကိုပြုလုပ်ကြတယ်လို့ဆိုပါတယ်။

 

 

ဖိုးသူတော် (www.phothutaw.com)

Credit: Thutazone

Latest Comments

Leave a Comment

Related News