Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ထိုင်းရဲ စစ်ဆေးမှု ယုံကြည်နိုင်စရာ မရှိလို့ အမှုအစမှပြန်စစ်ပေးဖို့ တောင်းဆိုပြီ

Image



ကြံတောအတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသာကလေးအမှု အစမှပြန်စစ်ပေးပါရန် တရားခံ၏ မိသားစု၀င်များက ဘန်ကောက်မြို ့တွင်လာရောက်တောင်းဆို ။ January 9 2019 ။ ကြံတောအတွင်း သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသာကလေးအမှု အစမှပြန်စစ်ပေးပါရန် တရားခံ၏ မိသားစု၀င်များက ဘန်ကောက်မြို ့တွင်လာရောက်တောင်းဆိုပါတယ်။

ထိုင်းနိုင်ငံ ဆူဖန်ဘူရီကြံတောအတွင်း ပျောက်ဆုံးခဲ့ မြန်မာကလေးအား သတ်သူဟု ရဲက စွဲချက်တင်ထားသူရဲ ့ မိသားစု၀င်များက သားဖြစ်သူ(မသန်စွမ်း )ကို တရားခံအဖြစ် ထုတ်ပြစစ်ဆေးခဲ့တာကို ယုံကြည်နိုင်စရာ မရှိတာကြောင့် အမှုကို အစကနေ ပြန်လည်စစ်ဆေးပေးဖို ့ဘန်ကောက်မြို ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ရုံးကို ရှေ ့နေနဲ ့အတူ လာရောက်တိုင်ကြား ခဲ့ကြောင်းသိရပါတယ်။

သားငယ်သေဆုံးခဲ့ရမှု တရားခံလို ့ ပြထားတဲ့ ထိုင်းနိုင်ငံသား နိုင်ထောင်ခွမ် (ဖွန်)ဟာ သူစီးတဲ့စက်ဘီးနဲ ့ ကလေးကိုတင်သွားတယ်ဆိုတာ နောက်မှာ ဖင်ထိုင်ခုံမပါလို ့မဖြစ်နိုင်ကြောင်း၊သူတို ့သားဟာ ငယ်ငယ်ထဲက ဦးနှောက် သန်းစွမ်းမှုမရှိ(ကြပ်မပြည့်)ငါးနှစ်သားကလေးတဦးလို ဖြစ်နေသူဖြစ်တယ်၊ငယ်ငယ်ကတဲက လေးတွေကို နှိပ်စက်ညင်းပန်းတာမျိုး တခါမှလုပ်ခဲ့သူမဟုတ်၊ ရဲတွေကသူ ့ကိုခေါ်သွားပြီး လက်ညိုးထိုးပြတဲ့နေရာကို သူ ့သားကို ခေါင်ငြိမ့် ခိုင်းခဲ့တာဟာ ရိုးသားမှုမရှိဘူးလို ့ တရားခံ နိုင်ဖွန်(စိတ်ကျနး်မာရေးချိုးယွင်းသူ)ရဲ ့ မိသားစုကပြောပါတယ်။

တရားခံအမှုကို လိုက်ပေးတဲ့ ရှေ ့နေ နိုင် အနမ်ချိုင်က ကလေးအလောင်းတွေခဲ့တဲ့ နေရာဟာ ပထမပိုင်းအကြိမ်ကြိမ်ရှာဖွေပြီးတဲ့နေရာဖြစ်နေတာ ၊ကလေးအလောင်းတွေပြီး သက်သေနေရာကို မီးရိူ ့ဖျောက်ဖျက်ခဲ့တာတွေရှိနေတာ တွေ ့ရှိရတယ်လို ့ သတင်းထောက်တွေကိုပြောပါတယ်။

ကလေးဟာ သာမန်ထွက်ပြေးရင်းရေနစ်သေတာမဖြစ်နိုင် စက်တခုတွင်း ကြိတ်မိခဲ့သလို ့ တကိုယ်လုံးမှာ ဒဏ်ရာတွေနဲ ့ ကြေမွနေတာကိုရဲစစ်ဆေးရေးအဖွဲ ့က မှုခင်စစ်ချက်မှာ ရေးမထားတာကိုလည်းတွေ ့ရပါတယ် ရှေနေ့ကပြောပါတယ် ။

ပြီးခဲ့တဲ့၂၀၁၈ ဒီဇင်ဘာလ ၁၇ ရက်နေ ့က ဆူဖန်ဘူရီ ခရိုင် ကြံတောအတွင်း ကစားနေရင်း ပျောက်ဆုံးသွားခဲ့ရတဲ့ နှစ်နှစ်သားအရွယ် မြန်မာနိုင်ငံသားကလေး သားငယ်ကို (၉)ရက်ကြာမှအလောင်းပြန်တွေ ့ခဲ့တာပါ။

ကလေးမိဘနှစ်ဦးက တော့သူတို ့သားငယ်သေဆုံးရတာဟာ လယ်ထွန်စက်အတွင်းညပ်ပါပြီး သေဆုံးရတာ၊ ထွန်စက်ပိုင်ရှင်က အလောင်းကို ဖျောက်ထားခဲ့တယ်လို ့ သံသယရှိခဲ့လို ့ အမှုကို ပြန်စစ်ပေးဖို ့ တောင်းဆိုခဲ့ပြီး မကြာခင် တရားမ၀င် ၀င်ရောက်နေထိုင်မှုနဲ ့ တရားစွဲခံရပြီးမြန်မာနိုင်ငံ ပြန်ပို ့တာခံခဲ့ရပါတယ်။

ဖိုးသူတော်(www.phothutaw.com)

Credit:Thutasone

Tags:
  • ,

Latest Comments

Leave a Comment