Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ထိုင်းတောင်ပိုင်းမှာ လူ ၅ ဦး အသတ်ခံရ

Image



(photo - TUWAEDANIYA MERINGING / AFP)

ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတဲ့ မွတ်စလင်အများစုနေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်း ယာလခရိုင်မှာ လူ ၅ ဦး ဒီနေ့မှာ သတ်ဖြတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားပါတယ်။ အိမ်ရှင်အပါအဝင် အသတ်ခံရသူ ၅ ဦးဟာ ဆွေးနွေးပွဲလုပ်နေစဉ် ညဖက် ၁ နာရီခန့်မှာ အသတ်ခံရတာဖြစ်ပြီး တောင်ပိုင်းမွတ်စလင်သူပုန် လှုပ်ရှားမှုနဲ့ သက်ဆိုင်ခြင်း ရှိ မရှိ စုံစမ်းနေတယ်လို့ နယ်မြေခံရဲအရာရှိက ပြောပါတယ်။

အရေအတွက်အတိအကျ မသိရတဲ့ တိုက်ခိုက်သူတွေဟာ နေအိမ်ဝင်းထဲ အတင်းဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ မလေးရှားနယ်စပ်က တောင်ပိုင်းခရိုင် ၃ ခုမှာ မွတ်စလင် အများစုနေထိုင်ပြီး ထိုင်းနိုင်ငံက ခွဲထွက်ရေး ပုန်ကန်လှုပ်ရှားနေကြတာ ၂ဝဝ၄ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ပတ္တားနီ၊ ယာလနဲ့နာရသီဝပ်ခရိုင်တွေက မွတ်စလင် ခွဲထွက်ရေး ပုန်ကန်မှုကြောင့် နှစ်ဖက် သေဆုံးရတဲ့ လူအရေအတွက်ဟာ ၆ ထောင့် ၅ ရာကျော်ရှိသွားပြီဖြစ်ပါတယ်။

RFA Burmese

https://www.facebook.com/rfaburmese







Tags:

Latest Comments

Leave a Comment

Related News