Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တောင် ဆူဒန် နိုင်ငံ ရှိ ရွာ တစ်ရွာ တွင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၄၀ ဦး သေဆုံး

Image



တောင်ဆူဒန် နိုင်ငံ အရှေ့ပိုင်း ရှိ Jonglei ပြည်နယ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

    နိုင်ရိုဘီ ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

    တောင်ဆူဒန် နိုင်ငံ အရှေ့ပိုင်း Jonglei ပြည်နယ်ရှိ ရွာ တစ်ရွာတွင် နိုဝင်ဘာ ၂၈ ရက်နေ့ ၌ တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူပေါင်း ၄၀ ဦး သေဆုံးခဲ့ကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ အရာရှိ တစ်ဦး က အတည်ပြုပြောကြား ခဲ့သည်။

Jonglei ပြည်နယ် သတင်း ထုတ်ပြန်ရေး ဌာန အရာရှိ က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြား ခဲ့ရာတွင် အခင်းဖြစ်ပွား ခဲ့သည့် ရွာ၏ အနီးပတ်ဝန်းကျင် ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု က နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် လူများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည့် အပြင် လက်နက်ကိုင် အဖွဲ့အစည်း က အမျိုးသမီး ၊ ကလေးငယ် နှင့် အိမ်မွေး တိရိစ္ဆာန် များကို လည်း ဖမ်းယူ သွားကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ အခင်းဖြစ်ပွား ခဲ့သည့် ဒေသ တွင် တိရိစ္ဆာန် နှင့် မွေးမြူရေး မြေနေရာ ရရှိရန် ပြိုင်ဆိုင်မှု များကြောင့် တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရသည်။

(Xinhua)

http://www.xinhuamyanmar.com







Latest Comments

Leave a Comment

Related News