Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တောင်နဲ့မြောက် ရေခဲပြင်ဟော်ကီအသင်း ဆွီဒင်နဲ့ကစား

Image



ဆွီဒင်အသင်းက၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ

တောင်ကိုရီးယားမှာ ကျင်းပမယ့် ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အကြို ချစ်ကြည်ရေးပွဲအဖြစ် တောင်နဲ့ မြောက် ၂ နိုင်ငံ ပူးပေါင်းထားတဲ့ အမျိုးသမီး ရေခဲပြင် ဟော်ကီအသင်းဟာ ဆွီဒင်အသင်းနဲ့ ကစားခဲ့ပါတယ်။

ဒီပွဲမှာ ဆွီဒင်အသင်းက၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

တကယ်တော့ အိုလံပစ်ပြိုင်ပွဲမှာ ကိုရီးယား ၂ နိုင်ငံ ပူးပေါင်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ အငြင်းပွားဖွယ် သဘောတူ ခဲ့အပြီးမှာ ပူးပေါင်း ရေခဲပြင် ဟော်ကီအသင်းကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ဟော်ကီအသင်း ပူးပေါင်းဖွဲ့စည်းဖို့ ဆုံးဖြတ်ချက် ကလည်း တောင်ကိုရီးယားမှာ အငြင်းပွား နေသလို ဒီနိုင်ငံအသင်းတွေ ပူးပေါင်းတာရဲ့ နောက်မှာ နိုင်ငံရေးအရ အကျိုးအမြတ်တွေ ရှိတယ်လို့ ထောက်ပြ နေတဲ့သူတွေလည်း ရှိနေပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား ဝင်ရောက်တာကိုလည်း ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားကြောင့် မြင့်တက်နေတဲ့ တင်းမာမှုကို မြောက်ကိုရီးယားက လျော့ချဖို့ နိုင်ငံရေး အရ ကြိုးပမ်းမှုလို့ သုံးသပ်သူတွေ ရှိနေပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း အစိုးရဟာ နိုင်ငံအသင်းရဲ့ မျှော်လင့်ချက်ကို ပျက်ပြား အောင် လုပ်နေသလို နျူကလီးယား လက်နက် ဖျက်သိမ်းဖို့ ငြင်းဆန်နေတဲ့ မြောက်ကိုရီးယား အစိုးရကို ကမ်းလှမ်းမှုတွေ တော်တော်များများ လုပ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့အကြောင်း ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာက ပြောပါတယ်။

တချို့ဆိုရင် ဒီပြုံချမ်း အိုလံပစ်ကို မြောက်ကိုရီးယားရဲ့ မြို့တော်ကို ရည်ညွန်းပြီး ပြုံယမ်း အိုလံပစ်လို့ အမည်ပြောင်နဲ့ ခေါ်နေပါတယ်။

အားပေး ထောက်ခံသူတွေများ

ဒါပေမယ့် မြောက်ကိုရီးယား ဟော်ကီအသင်းဟာ တောင်ကိုရီးယားအသင်းနဲ့ ပူးတွဲ လေ့ကျင်ဖို့ ဇန်နဝါရီလ နှောင်းပိုင်းမှာ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိလာပါတယ်။

တောင်ကိုရီးယားက ၂ နိုင်ငံပေါင်းစည်းရေး ဝန်ကြီးဌာနကလည်း ဒီအသင်းသားတွေ အချင်းချင်း မိတ်ဆက်နေတာတွေ ကစားသမားတွေရဲ့ မွေးနေ့ ကျင်းပနေတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို အခုလို လူသိရှင်ကြား ဖော်ပြ ခဲ့ပါတယ်။

ဒါဟာ တောင်ကိုရီးယား ကစားသမားတွေကို နိုင်ငံရေးမှာ အသုံးချတယ်ဆိုတဲ့ ပြောဆိုချက်ကို ပြန်လည် တုံ့ပြန်ချေပချက်လို့ ဘီဘီစီသတင်းထောက် လော်ရာ ဘစ်ကာက သုံးသပ်ပါတယ်။

လာမယ့် သတင်းပတ်ထဲ တောင်နဲ့ မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးမယ်

အပြုသဘောဘက်က ဆိုရင်တော့ မြောက်ကိုရီးယားရဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မှုကိုလည်း ၂ နိုင်ငံပေါင်းစည်းရေး အိပ်မက်တခုအဖြစ် မှတ်ယူနေသူတွေလည်း ရှိနေတာပါ။

မြောက်ကိုရီးယား သတင်းစာတစောင် မှာတော့ ရှားရှားပါးပါး ၂နိုင်ငံ ပူးပေါင်းရေးကို တောင်းဆိုတဲ့ အကြောင်းအရာတွေကို ထုတ်ဝေပါတယ်။

ဒါအပြင် တောင်နဲ့မြောက် ၂ နိုင်ငံ ဆက်ဆံရေး ကြားမှာ အဖုအထစ်ဖြစ်စေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးပွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ဖို့လည်း တောင်းဆိုပါတယ်။

မြောက်ကိုရီးယားကြောင့် ပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ အရနည်းသွားမှာကို တောင်ကိုရီးယား နိုင်ငံသား တချို့က စိုးရိမ်ပူပန်နေပါတယ်။

 ပွဲအပြင်က ထောက်ခံသူတွေ

မြောက်ကိုရီးယားထူးချွန်

တကယ်တော့ မြောက်ကိုရီးယားဟာ တချို့ အားကစားမှာ အံဩစရာကောင်းလောက်အောင် ထူးချွန်နေတာပါ။

နွေရာသီ အိုလံပစ် မှာတုန်းက အိန္ဒိယ၊ နိုင်ဂျီရီးယားလို နိုင်ငံကြီးတွေထက် ဆုတံဆိပ်တွေ ပိုရခဲ့ပါ တယ်။

သူတို့ရတဲ့ ဆုတံဆိပ်တွေဟာ အလေးမကနေ ဖြစ်ပြီးတချို့ ပြေးခုန်ပစ်အားကစားသမားတွေဆိုရင် အိုလံပစ် စံချိန် မှတ်တမ်းသစ်တွေ ရေးထိုးနိုင်ခဲ့ပါတယ်။

၂၀၁၆ ဘရာဇီး အိုလံပစ်မှာတုန်းက မြောက်ကိုရီးယားဟာ ရွှေ ၂ ခုထိရရှိခဲ့ပြီး အမှတ်ပေး ဇယား အလယ်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

တိုက်ကွမ်ဒို အားကစားမှာဆိုရင် ကစားသမားတွေကို ငယ်စဉ်ကတည်းက လေ့ကျင့်ထားတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားကို သွားရောက် လည်ပတ်ခဲ့တဲ့ အားကစားရေးရာ ကျွမ်းကျင်သူ အူဒိုမတ်ခဲ ကတော့ နိုင်ငံက ဆင်းရဲပေမယ့် ထိပ်တန်း အားကစားသမား တွေကို ခေတ်မီပစ္စည်းတွေ သုံးပြီး လေ့ကျင့်တာကတော့ အထင်ကြီးစရာ ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

BBC Burmese

http://www.bbc.com/burmese







Latest Comments

Leave a Comment

Related News