Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တရုတ်ပညာရှင်များက ကြိုးတံတားများအား ကူညီစစ်ဆေးပေးလျက်ရှိပြီး တံတား ၂စင်းမှာ ဆိုးရွားမှု ကြုံတွေ့နေဟုဆို

Image



​နေပြည်​​တော်​၊ ​မေ ၁၅၊ ၂၀၁၈။

မြန်မာနိုင်ငံရှိ ကြိုးတံတားများအား တရုတ်နိုင်ငံမှ ပညာရှင်များက နည်းပညာအကူအညီဖြင့် ကူညီစစ်ဆေးပေးလျက်ရှိပြီး ကြိုးတံတား ၂ စင်းမှာ ဆိုးရွားမှုအခြေအနေဖြင့် ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာန ဒု၀န်​ကြီးက ပြောသည်။

“အဆိုးဆုံး ၂ စင်းကိုတော့ တရုတ်ပညာရှင်တွေက ထောက်ပြပါတယ်။ ဆိုးရွားနေတဲ့အတွက်လဲ ဒါကို အန္တရာယ်ရှိတယ်လို့ ကြေညာပြီး ခရီးသည်တင် ဘတ်​စ်​ကားတွေကို လူဆင်းလျှောက်ပြီး ဟိုဘက်ရောက်မှ လူပြန်တက်ဆိုတာမျိုး​ပေါ့။ ကုန်တင်ကားဆိုရင်လည်း ၀န်ကိုလျော့ပြီး ဖြတ်ခိုင်းတာမျိုး​တွေပေါ့။ အဲဒီ တံတား ၂ စင်းကို အမြန်ဆုံးပြန်လည် အစားထိုးနိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်”ဟု ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး၌ ကြိုးတံတား စုစုပေါင်း ၂၉ စင်းရှိပြီး ဆိုးရွားနေသည့် တံတား ၂ စင်းမှာ မကွေးတိုင်းဒေသကြီးရှိ မယ်ဇလီကြိုးတံတားနှင့် ကရင်ပြည်နယ်ရှိ ဇာသပြင်တံတားတို့ဖြစ်ကြောင်း သိရှိရသည်။

တံတားများ၏ ကြံခိုင်ရေးအခြေအနေများအား တစ်နှစ်လျှင် ၂ ကြိမ်နှုန်းဖြင့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ယခုအခါ တရုတ်နည်းပညာရှင် ၂၂ ဦး ဖြင့် ကြိုးတံများ၏ ကြံခိုင်ရေးအား စစ်ဆေးလျက်ရှိကြောင်း ဦးကျော်လင်းက ပြောသည်။

ထိုကဲ့သို့ ဆောက်လုပ်ရေး၀န်ကြီးဌာနအနေဖြင့်တံတားများ ကြံခိုင်ရေးအတွက်ဆောင်ရွက်နေမှုကို မေလ ၁၅ ရက်နေ့ ကကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒု၀န်ကြီး ဦးကျော်လင်းက အထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကြယ်စင်ခ (နေပြည်တော်)

Central News Myanmar

https://www.facebook.com/CNMyanmar







Tags:

Latest Comments

Leave a Comment

Related News