Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တရုတ်ကို အနှစ်တရာနီးပါးငှါးမယ့် စက်မှုဇုံတွေအတွက် ဗီယက်နမ်တွေ ဆန္ဒပြ

Image



(Photo- Kao NGUYEN / AFP )

ဗီယက်နမ်နိုင်ငံမှာ အထူးစက်မှုဇုံ ၃ ခုကို တရုတ်ကုမ္ပဏီတွေကို ၉၉ နှစ်ငှါးမယ်ဆိုတဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ နေရာတော်တော်များများမှာ မနေ့က ဆန္ဒပြကြသလို၊ လူ ၁ ရာကျော်ဖမ်းဆီးခံလိုက်ရပါတယ်။

ဆန္ဒပြတဲ့သူတွေက အစိုးရရုံးကို ကျောက်ခဲတွေနဲ့ပေါက်၊ ဓါတ်ဆီပုလင်းတွေ မီးရှို့ပြီးပစ်လို့ ရဲတပ်ဖွဲ့ ဝင်တော်တော်များများဒဏ်ရာရပြီး၊ ဖန်သီယက်မြို့နယ်က ပြည်သူ့ကော်မတီဌာနချုပ်လည်း ပျက်စီးတယ်လို့ဆိုပါတယ်။ ဆန္ဒပြပွဲအစပိုင်းမှာ ရဲတွေကို ရေပုလင်းတွေ၊ သစ်သီးတွေနဲ့ ပစ်ပေါက်ကြတာတွေ့ရတယ်၊ နောက်ပိုင်းမှာတော့ ကျောက်ခဲတွေနဲ့ပါ ပေါက်လာကြတယ်လို့ မျက်မြင်တဦးကပြောပါတယ်။

ဖမ်းမိထားတဲ့သူတွေကို စစ်ဆေးနေပြီး၊ ဥပဒေကြောင်းအရအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ရဲမှူးတယောက်ကပြောပါတယ်။ ဒါ့အပြင် ကောလာဟလတွေပြန့်နိုင်တဲ့ လူမှုရေးကွန်ယက် အင်တာ နက်စာမျက်နှာတွေလည်း ပိတ်ထားလိုက်တယ်လို့ပြောပါတယ်။

အဲဒီလိုနှစ်ရှည်ငှားမှာကို ကာလသတ်မှတ်ချက် လျှော့ချနိုင်မယ့်နည်းရှာဖွေမယ်လို့ ဝန်ကြီးချုပ် ငုယင်ဆွန်ဖွတ်က ပြီးခဲ့တဲ့အပတ်ကပြောထားပါတယ်။

RFA Burmese

https://www.facebook.com/rfaburmese







Tags:

Latest Comments

Leave a Comment

Related News