Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တရားအားမထုတ်ရင် အပါယ်လေးဘုံနဲ့နီးမယ်

Image



ကိလေသာ ခိုင်းတဲ့ လောဘ မောဟ ဒေါသ စိတ်တွေနဲ့

လောကီအလုပ်တွေကို သဲကြီးမဲကြီး လုပ်နေမှန်း

ကိလေသာ နှိပ်စက်လို့ ပင်ပန်းဆင်းရဲ နေမှန်းကို သတိမထားမိပါဘူး

စီးပွားရေး လူမှုရေး ပညာရေးတွေနဲ့ ယောက်ယက်ခတ်ပြီး ရှုပ်ရှက်ခပ်နေပါတယ်

ကိလေသာကို ဆန့်ကျင်ဖို့ တရားအားထုတ်ဖို့ အချိန်တွေတော့ မရှိသလောက် ရှားနေပါတယ်

မတရားအလုပ်တွေနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိပါဘူး

လောကီအလုပ်တွေမှာ သဲသဲမဲမဲ လုပ်သလောက်

ကိလေသာဆန့်ကျင့်ဖို့တော့ ကြိုးကြိုးစားစား မလုပ်ချင်ဘူး

ဟိုဘက်ကမ်းမှ ဒီဘက်ကမ်းသို့

ပုထုဇဉ်နယ်မှ အရိယာနယ်သို့

တရားအားထုတ်ရင် နိဗ္ဗာန်နဲ့နီးမယ်

တရားအားမထုတ်ရင် အပါယ်လေးဘုံနဲ့နီးမယ်

ဘုရားအလောင်းတော်ဟာ သူအို သူနာ သူသေ ရဟန်း ဆိုတဲ့ နိမိတ်ကြီးလေးပါးကိုမြင်တော့

သံဝေဂ ရရုံ မဟုတ်ပဲ အို နာ သေ ဘေးကြီးလေးပါးကနေ လွတ်အောင် အားထုတ်ခဲ့တာ

အခုလည်း ဒကာ ဒကာမတို့က သံဝေဂ ရရုံလုပ်မနေပဲနဲ့ သံသရာက လွတ်အောင် အားထုတ်ကြပါ

ခန္ဓာနဲ့တဏှာ မတွဲပါနဲ့။

ခန္ဓာနဲ့ ပညာ တွဲနိုင်အောင် ကြိုးစားပါ။

မလုပ်သင့်တာကို လုပ်တာနဲ့

လုပ်သင့်တာကို မလုပ်တာ

မလိမ္မာတာနဲ့မိုက်တာ အတူတူပါပဲ

ခန္ဓာဟာ မြေအိုးနဲ့တူပါတယ်

မြေအိုးတွေကို expire date သတ်မှတ်လို့မရသလို

ဒီခန္ဓာကြီးကိုလည်း သက်တမ်းကုန်ဆုံးရက် ကြိုတင်သတ်မှတ်လို့ မရပါဘူး

မှည့်နေတဲ့ သစ်သီးလို အချိန်မရွေး ကြွေကျပျက်စီးနိုင်ပါတယ်

တရားသော စစ် ဆင်နွှဲပါ။ လောဘ ဒေါသ မောဟ တည်းဟူသော ကိလေသာ ရန်သူများကို တိုက်စစ်ဆင်ပါ။ တသံသရာလုံး လွတ်လပ်ရေးရဖို့အတွက် တရားသောစစ်ကို နိုင်အောင်တိုက်ပါ။ တဏှာ့ကျွန်အဖြစ်မှ လွတ်မြောက်အောင် ကြိုးစားပါ။

ကိုယ်ဖွထားတဲ့ အမှိုက် ကိုယ်ပြန်ရှင်းရတာပဲ။ ကိုယ်မွှေးထားတဲ့ မီး ကိုယ်ပြန် ငြိှမ်းရတာပဲ။ တရားမျှတပါတယ်။ အကြောင်း အကျိုးပါပဲ။

အသေကောင်းတယ်ဆိုတာ သေပြီးတဲ့အခါ မျက်နှာကလေးကြည်၊ ခန္ဓာကိုယ်က ပျော့ပျောင်း၊ အပုပ်န့ံမထွက် မှအသုဘလိုက်ပို့တဲ့ လူစည်တာကို အသေကောင်းတယ်လို့ မမှတ်နဲ့

မသိနားမလည်မှု့တွေ များနေတာကို ပြေလည်စေဖို့

မသိနားမလည်မှု့ကို တိုက်ဖျက်တဲ့ တရားအလုပ်ကို

ပိုပြီးတော့မှ လုပ်ရမယ်

မကောင်းတဲ့ လုပ်ရပ်တွေက အားကြီးနေတယ်ဆိုရင်

ကောင်းတဲ့ လုပ်ရပ်ကို ပိုပြီးအားကြီးအောင် လုပ်ဖို့လိုတယ်

ဒါမှလည်း မကောင်းတဲ့ လုပ်ရပ်တွေ မှေးမှိန်အားနည်းသွားမယ်

မကောင်းကျိုးက ကောင်းကျိုးနဲ့ယှဉ်လိုက်ရင် ပိုပြီး ထင် ရှားတယ်

အဖြူနဲ့ယှဉ်လိုက်ရင် အမဲက ပိုပြီး ထင်ရှားသလိုပေါ့

ကုသိုလ်နဲ့ယှဉ်လိုက်ရင် အကုသိုလ်ဆိုတာက မကောင်းမှန်း အင်မတန်ထင်ရှားတယ်

တရားကိုများများ အားကိုခြင်းဖြင့် အစားထိုးဖို့လိုပါတယ်

ကိုယ့်မှာ မကောင်းတဲ့ စိတ်တွေ အဖြစ်များနေတယ်ဆို

ကောင်းမှု့ကုသိုလ်အလုပ်တွေများများ ပြုလုပ်ခြင်းဖြင့်

မကောင်းတဲ့ စိတ်တွေ အဖြစ်နည်းစေဖို့ ပြုလုပ်ရမယ်

ဘယ်လို လောကဓံနဲ့ပဲကြုံကြုံ စိတ်ကို စင်ကြယ်အောင် ဖြူစင်အောင် ထားဖို့လိုပါတယ်

ဖိုးသူတော် (www.phothutaw.com)

Credit: Damma

Tags:
  • ,

Latest Comments

Leave a Comment