Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တနိုင်းမှာ တိုက်ပွဲ ပြင်းထန်နေဆဲ

Image



ကချင်ပြည်နယ်ထဲ အစိုးရ ထိုးစစ် အရှိန်မြှင့်

ကချင်ပြည်နယ် တနိုင်းမြို့နယ်က ရွာသုံးရွာ အနီးမှာ ကချင် လွတ်လပ်ရေးတပ်ဖွဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့ ၃ ရက် ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေပြီး ဧပြီလ ၁၄ ရက်နေ့ အထိ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

အခုလို တိုက်ပွဲတွေဟာ ဧပြီလ ၈ ရက်နေ့ကတည်းက စနေတာ ဖြစ်ပေမယ့် ဧပြီလ ၁၁ ရက်နေ့က စလို့ ပိုမို ပြင်းထန်လာတယ်လို့ တနိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၄ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနောင်နဂျာတန်က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ဘက်က တိုက်ခိုက်ရာမှာ လက်နက်ကြီး သာမက တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ခြေလျင်တပ်နဲ့ တိုက်ခိုက်နေတဲ့အတွက် အောင်လောဒ်၊ ဆွတ်ရိန်ယန်နဲ့ ဆွတ်ရာ ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေ ကျရောက် ခဲ့ပြီး ဒေသခံတွေ ထောင်ချီ ပိတ်မိနေတယ်လို့လည်း ဦးနောင်နဂျာတန်က ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်နေတဲ့ နေရာ အနီး တနိုင်းမြို့ရဲ့ အရှေ့ဘက်မှာ ကေအိုင်အေ တပ်မဟာ ၂ က တပ်စွဲထားတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိ အနေအထားအရ တိုက်ပွဲတွေ ဆက်ဖြစ်ဖို့ ရှိပြီး အဲဒီ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးဖို့ တနိုင်း ဒေသ တပ်မတော် ကွပ်ကဲမှု စစ်ဌာနချုပ်ကို အကြောင်းကြားခဲ့ပေမယ့် အထက်ကို တင်ပြပေးမယ်လို့ပဲ ပြောဆိုခဲ့တယ်လို့လည်း ဦးနောင်နဂျာတန်က ပြောပါတယ်။

ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီကလည်း အလားတူပဲ အဲဒီ ကွပ်ကဲမှု စစ်ဌာနချုပ်ကို အကူအညီပေးဖို့ တောင်းခံခဲ့ပေမယ့် ဆုံးဖြတ်ချက် မပေးနိုင်ဘူးလို့ ပြန်ပြောခဲ့တဲ့အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့က ကူညီပေးဖို့ ဝန်ကြီးချုပ်ကို လိပ်မူပြီး စာထုတ်ပြန် ထားပါတယ်။

အဲဒီ အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ စာထဲမှာ တိုက်ပွဲ ဖြစ်စဉ်အတွင်း အောင်လောဒ်ရွာက အရပ်သား တဦး တိုက်လေယာဉ် ကျည်ဆံကြောင့် သေဆုံးခဲ့ပြီး တဦး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် အဲဒီ ရွာတွေ အနီးမှာ ကားလမ်း သွားလာမှု ပိတ်နေပေမယ့် ဒေသတွင်း လီဒို လမ်းမကြီးမှာတော့ အသွားအလာ ရှိနေတယ်လို့ သိရပါတယ်။

BBC Burmese

http://www.bbc.com/burmese







Latest Comments

Leave a Comment

Related News