Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တစ်ကိုယ်တော်အခွေ မြန်မြန်ထွက်ချင်နေပြီ ဆိုတဲ့ သားငယ်

Image



သားငယ်ကတော့ Myanmar idol ပြိုင်ပွဲကြီး ပြီးကတည်းက တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ပရိသတ်တွေကို အသစ်အသစ်တွေ ချပြချင်တဲ့ ဆန္ဒကြောင့် အခွေကိုလည်း မြန်မြန်ထွက်ချင်နေပြီလို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' အဆိုတွေ၊ အတီးတွေ အကုန်ပြီးသွားပါပြီ။ ကျွန်တော်လည်း မြန်မြန်ထွက်ချင်နေပြီ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတာပါ။ သီချင်းတွေကတော့ အစုံပါတယ် ပြိုင်ပွဲကလာတဲ့သူဆိုတော့ သီချင်းအမျိုးအစားလည်း အများကြီးဆိုခဲ့ရတာဆိုတော့ Vote ပေးရတဲ့သူတွေ လည်း ကျေနပ်အောင် အစုံလေး ထည့်ပေးထားပါတယ်။ အခွေနာမည်ကတော့ မပြောချင်သေးဘူး ကျွန်တော် ချေးများနေလို့'' လို့ သူက ဆိုပါတယ်။

အရမ်းကြိုက်တဲ့ တေးရေးဆရာတွေက ရေးပေးထားတဲ့ သီချင်းတွေလည်း ပါဝင်ပြီး ပရိသတ်အကြိုက်နဲ့ သားငယ်အကြိုက် ထပ်တူကျရင်တော့ ထူးခြားသွားနိုင်တယ်လို့ ဆိုပါတယ်။

'' သီချင်းကတော့ ကျွန်တော်ရေးတာမပါဘူး ကျွန်တော်သိပ်မရေးတတ်ဘူး။ သီချင်းတွေကလည်း တီးထား၊ ဆိုထားတာ ၁၄ ပုဒ်လောက်ရှိတယ်။ အဲ့ဒီထဲကနေပြန်ရွေးရမယ်ဆိုတော့ တေးရေးအနေ နဲ့ ကိုအောင်ကိုမြင့်၊ ကိုလင်းလင်း၊ ကိုညီမင်းခိုင် တို့ ကျွန်တော်အရမ်းကြိုက်ရတဲ့သူတွေပဲ လေ၊ ပြီးတော့ ကိုသာဒီးလူတို့လည်းပါမယ်ပေါ့။ ထူးခြားတာ မထူးခြားတာကတော့ နားထောင်တဲ့သူတွေရဲ့ နားထဲမှာ ချိုချိုဝင်မလား ကန့်လန့် ဝင်မလား အကဲဖြတ်ပါလိမ့်မယ်။ သူတို့ကြိုက်တာ ကျွန်တော်ကြိုက်တာ ထပ်တူကျရင်တော့ သူတို့နားထဲမှာ ထူးခြား သွားနိုင်တာပေါ့" လို့ သားငယ်က ပြောပါတယ်။

ပထမဆုံးတစ်ကိုယ်တော်အခွေအတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း နားထောင်ချင်သလို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

'' ပရိသတ်ရဲ့ Feedback ကိုလည်း နားထောင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း Feedback ပြန်ပေးပါတယ်။ ပရိသတ်တွေကလည်း အသစ်ကို တော်တော် နားထောင်ချင်နေပြီ ဒါဟာသဘာဝပဲ အသစ်တွေ နားထောင်ချင်လို့လည်း ကျွန်တော့်ကို အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လင်မယားတွေ စကားများကြပြီး ကျွန်တော့်ကို Vote ပေးခဲ့ရတာလေ။ တစ်ခါလာလည်း ပြိုင်ပွဲ တုန်းက သီချင်းတွေပဲဆိုရင် ငြီးငွေ့လာမယ် လို့ထင်တယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း အသစ် အသစ်တွေ လုပ်ပြချင်တယ်'' လို့ ဆိုပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သားငယ်အနေနဲ့ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေဆီကို ချပြမယ့် ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးကိုတော့ ၂၀၁၈ နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo:သားငယ်ဖေ့စ်ဘုတ်

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Latest Comments

Leave a Comment

Related News