Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေတဲ့ ဘီလီလမင်းအေး ..!

Image



 အချိန်တိုအတွင်း ပရိ သတ်အားပေးမှု ရရှိခဲ့သည့် ဘီလီလမင်းအေးက လက်ရှိတွင် တစ်ကိုယ်တော်အခွေ စတင်ပြင်ဆင်နေပြီဟု ပြောကြားသည်။

‘‘တစ်ကိုယ်တော်အခွေလေး အတွက် သီချင်းစစုနေပြီ။ တချို့ ဟာလေးတွေလည်း တီးနေပြီ ပေါ့။ ကိုရဲလေးတို့၊ကိုဆောင်းဦး တို့အပြင် တခြားပရိသတ်နဲ့ မရင်း နှီးသေးတဲ့ တေးရေးဆရာတွေဆီ မှာလည်း အပ်ထားပါတယ်။ သီ ချင်းကတော့ အစုံထည့်မယ်။ အ အေး အငြိမ်လေးတွေရော၊ အမြူး တွေရောထည့်ဖို့ စဉ်းစားထား  တယ်’’ဟု ဘီလီလမင်းအေးက ပြောသည်။

လက်ရှိ ရန်ကုန်နှင့် နယ်မြို့များတွင်ရှိုးပွဲများ သီဆိုဖြစ်နေပြီး မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးမှုများအပြင် သားငယ်နှင့်အတူ ဓာတ်မြေသြဇာကြော်ငြာတစ်ခု ရိုက်ကူးထားသည်ဟု ပြောသည်။

ဂီတကို ဝါသနာပါ၍ ပြိုင်ပွဲဝင်ရင်း အဆိုတော် ဖြစ်လာသလို သီချင်းကိုသာအာရုံစိုက်လုပ်ချင်နေသည့်အပြင် ကြော်ငြာရိုက်ကူးမှုများသာ လက်ခံမည်ဖြစ်ပြီး သရုပ်ဆောင်လုပ်ရန် မရှိကြောင်း ပြောကြားသည်။

ဘီလီလမင်းအေးသည် Myanmar Idol Season 2 တွင်  First Runner Up ဆုကိုရရှိပိုင် ဆိုင်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day Daily

#

Latest Comments

Leave a Comment

Related News