Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တကယ်ချစ်မှ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာများ

Image



ကိုယ်တကယ်ချစ်တဲ့သူနဲ့ဆိိုရင် ဒီလိုစိတ်ခံစားချက်လေးတွေက အလိုလိုပေါ်လာတတ်ပါတယ်

လူတစ်ယောက်နဲ့တစ်ယောက်ဟာ အကျင့်စရိုက်တွေ မတူညီကြပါဘူး။ လူတစ်ယောက်ကို တကယ်ပြောင်းလဲပေးနိုင်တဲ့အရာ ကတော့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာပါ။ လူဆိုတာ ကိုယ်တိုင်ပြုပြင် မှ ပြောင်းလဲမှာဖြစ်ပြီး တခြားသူစိမ်းတစ်ယောက်က ကိုယ့်ကို လာပြီးပြုပြင်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချစ်နဲ့တွေ့ဆုံတဲ့ အချိန်မှာတော့ ကိုယ်ရဲ့မကောင်းတဲ့အချက်တွေကို ကိုယ်တိုင်မြင်လာပြီး အလိုလို ပြောင်းလဲသွားတတ်ကြပါတယ်။

သင့်ကိုတကယ်ချစ်တဲ့သူတစ်ယောက်ဟာ သင်ပြောစရာမလိုပဲ သင့်မျက်နှာအရိပ်အကဲကြည့်တာနဲ့ သင်ဘာဖြစ်နေတယ်ဆိုတာ ကို သိနိုင်သူပါ။ အပြည့်အ၀မသိရင်တောင် အနည်းအကျဉ်းတော့ ရိပ်မိတတ်ကြပါတယ်။ သင့်ကိုအမြဲတမ်း အရိပ်တကြည့် ကြည့်နဲ့ ဂရုစိုက်နေတတ်ပါတယ်။ ဒါဟာ ချစ်စခင်စအချိန်တင် မကပဲ သင်နဲ့လက်တွဲနေတဲ့ ကာလတစ်လျှောက်လုံး ဒီလိုပုံစံ ဖြစ်နေမှာပါ။ မိန်းကလေးအမျာျးစုကတော့ ချစ်ချစ် မချစ်ချစ် သ၀န်တိုတတ်ပေမယ့် ယောကျာ်းတွေရဲ့ သ၀န်တိုခြင်း ကတော့ တကယ်ချစ်မှ ဖြစ်ပေါ်လာတတ်တဲ့အရာပါ။ သင့်ကောင်လေးက သင့်ကိုသ၀န်တိုတယ်ဆို ဂုဏ်ယူလိုက်ပါ သူသင့်ကိုတကယ်ချစ် လို့ပါ။

အမျိုးသမီးတွေရဲ့ချစ်ခြင်းဟာ ရစ်ခြင်းပါပဲ။ သူမတို့ဟာ သင့်ကို ရစ်ဖို့ သင်ပြောတဲ့အကြောင်းအရာ တွေကို သေချာစေ့စေ့စပ်စပ် နားထောင်မှတ်သားပြီးမှ တစ်ခုချင်းစီပြန်ရစ်တတ်ကြပါတယ်။ ဒါဟာ သင့်ကိုအလေးအနက်ထားပြီး ချစ်တယ်ဆိုတဲ့ပြယုဂ်တစ်ခု ပါပဲ။ သင့်ကိုတကယ်ချစ်တဲ့လူတစ်ယောက်ဟာ သင်မကြိုက်တဲ့ သူ့အမူအရာတွေကို သင်ပြောစရာမလိုပဲ သူ့အလိုလိုပြုပြင် တတ်တဲ့သူပါ။ ချစ်တယ်ဆိုတာ ပါးစပ်ကပြောနေဖို့ထက် ပြုမူလိုက်တဲ့အမူအရာတွေမှာပေါ်လွင်နေပါတယ်။ သင့်ကို တကယ်ချစ်တဲ့သူဟာ သင့်မျက်ရည်ကျဖို့မပြောနဲ့ သင်စိတ်ညစ် မှာကိုတောင်မလိုလားသူပါ။ ဒီလိုအချစ်မျိုးကိုသာပိုင်ဆိုင်ခွင့်ရခဲ့ ရင် တစ်ဘ၀လုံးစာ လက်တွဲဖို့အသင့်ပြင်ထားလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: marry.

#

Latest Comments

Leave a Comment

Related News