Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ညအိပ်ယာမဝင်ခင် သောက်ပေးပြီး ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားမယ်

Image



ကျန်တဲ့နေရာမ၀ပေမဲ့ ဗိုက်မှာအဆီတွေစုနေတာ တကယ်ကို မအီမသာဖြစ်စရာပါ။ နေရလည်းခက်လှပါတယ်။ ၀မ်းဗိုက်အဆီတွေကို ဖယ်ရှားဖို့ တကယ်ကိုခက်ပါတယ်။ အဲဒီအတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေသာမက သဘာ၀ အဆီတွေကို ဖယ်ရှားပေးမယ့် ဖျော်ရည်ကိုလည်း အိမ်မှာလုပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၀မ်းဗိုက်အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့အတွက် ပြုလုပ်နိုင်တဲ့ သဘာ၀အဆီကျဖျော်ရည်ကို ညအိပ်ယာမ၀င်ခင် ၁နာရီအလိုမှာ သောက်ပေးရမှာပါ။ ဖျော်ရည်လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

သံပုယိုသီး ၁ လုံး (အရည်ညှစ်ပါ)

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ်

ရေ လီတာ၀က်

နံနံပင်အနည်းငယ်

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ရေကိုဆူအောင်သည်ပြီး ပါ၀င်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ပြီးရင် အပူချိန်လျှော့်ပြီး ခဏလောက်သည်ထားပေးပါ။ အဲဒီနောက် မီးဖိုပေါ်ကချပြီး သေချာမွှေပေးပါ။ ခွက်တစ်လုံးထဲလောင်းထည့်ပြီး ညအိပ်ယာမ၀င်ခင် တစ်နာရီအလိုမှာသောက်ပေးရမှာပါ။ ဇီ၀ဖြစ်စဉ်ကိုမြင့်တင်ပေးနိုင်သလို အဆီလည်းကျစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: My Style

Latest Comments

Leave a Comment

Related News