Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ညကြီးမိုးချုပ် Surprise လုပ်တာခံလိုက်ရတဲ့ ထက်ထက်မိုးဦး

Image



သရုပ်ဆောင် ထက်ထက်မိုးဦးတစ်ယောက် ညကြီးမိုးချုပ် သူငယ်ချင်းဖြစ်သူရဲ့ Surprise ကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ မေလ(၈)ရက်နေ့က သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ မွေးနေ့လေးပါ။

ဒီဇိုင်နာ နှင်းလွန်းအိမ်ဟာ ထက်ထက်မိုးဦးရဲ့ မွေးနေ့အတွက် မွေးနေ့ Surprise အနေနဲ့ ည(၁၂)နာရီတိတိမှာ လုပ်ပေးခဲ့ပါတယ်။ သူမမထင်ထားတဲ့ မွေးနေ့ surprise ကြောင့် ထက်ထက်မိုးဦးတစ်ယောက်တော်တော့်ကို ပျော်သွားခဲ့တာ တွေ့ရပါတယ်။

ထက်ထက်မိုးဦးရဲ့ မွေးနေ့နဲ ပတ်သက်ပြီးတော့လည်း သူငယ်ချင်းဖြစ်သူ နှင်းလွန်းအိမ်က ယခုလို ပြောထားပါသေးတယ်။

"Happy Birthday ပါ ချစ်တုန်းကြီး 8-5-2018

12နာရီ တိတိမှာမွေးနေ့ Surprise သူသိပ်ပျော်သွားတယ်

အသက်ဘယ်လောက်ကြီးကြီး မသေခင်အထိ ကြုံဆုံလာရမဲ့ လောကဒဏ်ကို ဆိုးသည်ဖြစ်စေခံစားနိုင်သလို ကောင်းသည်ဖြစ်စေ စံစားနိုင်ပြီး အပြုံးမပျက် ရင်ဆိုင်နိုင်ပါစေ" ဆိုပြီးတော့ ရေးသားထားပါတယ်။

Birthday Surprise ဗီဒိယိုဖိုင်လေးကိုလည်း ဒီဇိုင်နာ နှင်းလွန်းအိမ်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါသေးတယ်။ ဆယ်စုနှစ်များစွာ အောင်မြင်ခဲ့တဲ့ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးဟာ  ယခုလတ်တလောမှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာ တာတွေ့ ရပါတယ်။

မေသီလရှင်ဝတ်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတော့မယ်ဆိုတဲ့အကြောင်းကို "ထက်ထက်မိုးဦး ပြန်လာပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမီဒီယာတွေက တစ်ဆင့်ပရိသတ်ကို အသိပေးခဲ့ပါတယ်။

သရုပ်ဆောင် ထက်ထက်မိုးဦးက ၂၀၁၇ခုနှစ် ဒီဇင်ဘာလလယ်လောက် သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ပါသေးတယ်။ သာသနာ့ဘောင်မှာ (၃)လကျော် (၄)လလောက် နေထိုင်ခဲ့ပြီး ဧပြီ(၁၂)ရက်နေ့က လူဝတ်လဲခဲ့ပြီး သင်္ကြန်တစ်တွင်းလုံး အနုပညာအလုပ် တွေပြန်လုပ်ခဲ့တာ တွေ့ရပါတယ်။

သာသနာ့ဘောင်ထဲ ဝင်ရောက်စဉ်အချိန်တုန်းမှာလည်း တရားဘာဝနာတွေ ပွားများပြီး သာသနာ့ရေးကို တစိုက်မတ်မတ်နဲ့ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ထက်ထက်မိုးဦးဟာ အနုပညာအလုပ်တွေကို ရပ်နားထားရာကနေ မနှစ်ကမှ  ကြော်ငြာတွေ လက်ခံရိုက်ကူးနေခဲ့တာပါ။ သူမဟာ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေကို အသုံးပြုသူမဟုတ်တဲ့အတွက် သူမရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာကနေ အသိပေးလေ့မရှိပါဘူး။

Photo : နှင်းလွန်းအိမ်

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Latest Comments

Leave a Comment

Related News