Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဆူးလေဘုရားလမ်း(အထက်လမ်း)ရှိ ခရီးသွားလုပ်ငန်းရုံးခန်း၌ မီးလောင်မှုဖြစ်ပွား

Image



ရန်ကုန် မေ ၅

ရန်ကုန်မြို့လယ်ကောင် ဖြစ် သောဆူးလေဘုရားလမ်း (အထက် လမ်း) ရှိခရီးသွားလုပ်ငန်းရုံးခန်း ၌ ယနေ့နံနက် အစောပိုင်းက မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၈နာရီ ၅၇ မိနစ်က ကျောက်တံတားမြို့ နယ် အမှတ်(၁)ရပ်ကွက်ဆူးလေ ဘုရားလမ်း(အထက်လမ်း) အမှတ် (၁၈ဝ)RC နှစ်ခန်းတွဲ သုံးထပ် တိုက်သုံးလွှာ (ဘယ်ဘက်ခြမ်း)၊ အကျယ်အဝန်း(၁ဝx၆ဝ)ပေ အကျယ်အဝန်းရှိဦးကျော်သိန်းထွန်း ပိုင်သော The Real Myanmar Authentic Travel ခရီးသွားလုပ် ငန်းရုံးခန်းတွင် အကျယ်အဝန်း (၁ဝx၁၅) ပေရုံးခန်းအတွင်းရှိ အဲ ယားကွန်းများဖွင့်ထားရာမှ မျက် နှာကြက်အတွင်းရှိ ဝိုင်ယာကြိုးများ အပူလွန်ကဲပြီးမီးစတင်လောင်ကျွမ်း မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကြောင့် CHIGO အမျိုး အစား အဲယားကွန်းတစ်လုံး ပရိ ဘောဂအနည်းငယ်နှင့် အတွင်း ပစ္စည်းအနည်းငယ် မီးလောင်ခံရ ကြောင်း သိရသည်။

အခင်းဖြစ် မီးလောင်ရာနေရာ သို့ ကျောက်တံတားမြို့နယ်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး အပါအဝင် အခြားမြို့နယ်မီးသတ် စခန်းများမှ မီးငြိှမ်းသတ်ယာဉ် စုစု ပေါင်းရှစ်စီး၊ အထောက်အကူပြု ယာဉ်လှေကားတင်ယာဉ် တစ်စီး၊ လူနာတင်ယာဉ်တစ်စီးနှင့် လင်း လက်လူမှုကူညီရေးအသင်းမှ လူနာ တင်ယာဉ်တစ်စီးဖြင့် အထောက် အကူပြုယာဉ်စုစုပေါင်း သုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးတို့ ဖြင့် မီးငြိှမ်းသတ်ခဲ့ကြရာ နံနက် ၉ နာရီ ၈ မိနစ်တွင် မီးထိန်းနိုင် ခဲ့ပြီး နံနက် ၉ နာရီ ၁ဝ မိနစ်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုအား ကျောက်တံတားမြို့မရဲစခန်းမှ (ပ) ၁၄ဝ/၂ဝ၁၈၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မောင်စိန်ဝင်း

The Union Daily

https://www.facebook.com/uniondaily.net







Latest Comments

Leave a Comment

Related News