Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဆီးရီးယားကို မတိုက်ဖို့ အမေရိကန်ကို ကုလဆိုင်ရာ ရုရှား သံအမတ် သတိပေး

Image



စစ်ရေးအရ တကယ် အရေးယူမှာလား

ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ဆီးရီးယား အစိုးရ အပေါ် စစ်ရေး အပါအဝင် ဘယ်လို အရေးယူမှုတွေ ပြုလုပ် ရမလဲ ဆိုတာကို အမေရိကန် ၊ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတို့က ခေါင်းဆောင်တွေ ဆွေးနွေး နေပါတယ်။

တကယ် စစ်ရေး အရ အရေးယူမယူ ဆိုတဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ထရမ့် မကြာခင် ချမှတ်လာဖွယ် ရှိပါတယ်။

ဆီးရီးယား အစိုးရက ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့မှုကို အမေရိကန် အနေနဲ့ စစ်ရေးအရ လက်တုံ့ပြန်မလား ဆိုတာကို အမေရိကန် လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေက သမ္မတ ထရမ့်ကို အသီးသီး အကြံပြု ထားကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ် ဗတ်ဆီလျာ နာ့ဘင်ဇယာကတော့ တကယ်လို့ ဆီးရီးယားနိုင်ငံထဲ အမေရိကန်က လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်လာမယ် ဆိုရင် မော်စကိုနဲ့ ဝါရှင်တန်ကြား စစ်ဖြစ်ဖို့ မီးမွှေးသလို ဖြစ်လိမ့်မယ် ဆိုပြီး သတိပေးလိုက်ပါတယ်။

ဆီးရီးယား အရေးမှာ အမေရိကန်နဲ့ အပေါင်းအပါတွေ ဘက်က ရန်လိုတဲ့ မူဝါဒ ကျင့်သုံး နေတာဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက် အန္တရာယ်ပြုနေတယ် လို့လည်း ရုရှား သံအမတ်က ပြစ်တင် ပြောဆို ပါတယ်။

ဆီးရီးယားကို မတိုက်ဖို့ သတိပေး

စစ်ရေးအရ လက်တုံ့ပြန်မယ် ဆိုတဲ့ အမေရိကန်က ခြိမ်းခြောက်နေတာကို ဆွေးနွေးကြဖို့ ဒီကနေ့၊ ဧပြီလ ၁၃ ရက် သောကြာ နေ့မှာ လုံခြုံရေး ကောင်စီ အစည်းအဝေး ကျင်းပမယ် ဆိုပြီး တော့လည်း မစ္စတာ နာ့ဘင်ဇယာက ခေါ်ယူ ထားပါတယ်။

ဆီးရီးနိုင်ငံထဲ သူပုန်တွေ ခြေကုပ်ယူထားရာ အရပ်မှာ ဓာတုလက်နက် အသုံးပြု တိုက်ခိုက် ခံခဲ့ရတယ် ဆိုတဲ့ အချက်ကို ယုံကြည်တယ် ဆိုပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ် မက်တစ်က ကွန်ဂရက်စ် လွှတ်တော် ရှေ့မှောက် အစောပိုင်းတုန်းက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ရှိမနေဘူး ဆိုတဲ့ အချက်အပေါ် မှာလည်း ဗိုလ်ချုပ်ကြီး မက်တစ်က အသိအမှတ်ပြု ပြောဆို ခဲ့ပါတယ်။

ဒူးမားမြို့က ထွက်ခွာသွာသူတွေ

ကလိုရင်း ဒါမှမဟုတ် ဆာရင်း ဓာတ်ငွေ့သုံးပြီး တိုက်ခိုက်မှု ဖြစ်ခဲ့တာကို ညွှန်ပြနေတဲ့ အချက်တွေ မီဒီယာပေါ် တွေ့နေရပေမယ့်၊ သူ့လက်ထဲမှာတော့ သက်သေ အထောက်အထား ရှိမနေဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဆိုပါတယ်။

ဆီးရီးယား အစိုးရက ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့မှုကို အမေရိကန် အနေနဲ့ စစ်ရေးအရ လက်တုံ့ပြန်မလား ဆိုတာကို အမေရိကန် လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေက သမ္မတ ထရမ့်ကို အကြံပြုကြ ရမှာ ဖြစ်ပါတယ်။

အခင်းဖြစ်ခဲ့ရာ ဒူးမားမြို့ကို စုံစမ်းစစ်ဆေးရေးသမားတွေ စေလွှတ် လိုက်ပြီလို့ ဓာတုလက်နက် အသုံးပြုမှု နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့က ပြောဆို ထားပါတယ်။

ဆာရင် ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ယူဆထား

ဆီးရီးရား အစိုးရနဲ့ သူတို့ရဲ့ မဟာမိတ် ရုရှားတို့ကတော့ အဆိပ်ငွေ့သုံး တိုက်ခိုက်တာမျိုး မလုပ်ခဲ့ဘူးလို့ ငြင်းဆို နေပါတယ်။

ဒူးမားမြို့ ဖြစ်ရပ်နဲ့ စပ်လျှင်းပြီး ဗြိတိန် အစိုးရ အဖွဲ့တွင်းမှာလည်း ဒီကိစ္စအပေါ် တစုံတရာ အရေးယူ ဆောင်ရွက်တာမျိုး မလုပ်ပဲ မနေသင့်ဘူးလို့ သဘောတူ ဆုံးဖြတ်ထားကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဆိုတာကိုတော့ ထုတ်ဖော် ပြောခြင်း မရှိသေးပါဘူး။

အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာလည်း အရေးပေါ် စည်းဝေးခဲ့

လန်ဒန်မြို့မှာ အစိုးရ အဖွဲ့ အရေးပေါ် အစည်းအဝေး ၂ နာရီကြာ ကျင်းပ ခဲ့ပြီးတဲ့နောက်၊ ဒူးမားမြို့ ဖြစ်ရပ် အပေါ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို အမေရိကန်၊ ပြင်သစ်တို့နဲ့ အတူ ညှိနှိုင်းပြီး လက်တွဲ လုပ်ဆောင် သွားမယ်ဆိုပြီး တရားဝင် ထုတ်ပြန် ထားပါတယ်။

တကယ်လို့ စစ်ရေးအရ ဝင်ရောက်ပတ်သက်မယ် ဆိုရင် ပါလီမန်ရဲ့ အတည်ပြုချက် ရယူပြီးမှာ လုပ်ဆောင်ဖို့ အတိုက်အခံ လေဘာ အမတ်တွေရော၊ ကွန်ဆာဗေးတစ် အမတ် တွေကပါ တောင်းဆို နေပါတယ်။

BBC Burmese

http://www.bbc.com/burmese







Latest Comments

Leave a Comment

Related News