Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဆားဝက်ခြံဖယ်ရှားဖို့ အကောင်းဆုံးသော သွားတိုက်ဆေးနည်း

Image



ဆား၀က်ခြံကို လိမ်းဆေးအမျိုးမျိုး မလိမ်းလိုပဲ သဘာ၀နည်းဖြင့် ဖယ်ရှားလိုသူများအတွက် ဆေးနည်းလေးကို မျှေ၀ပေးလိုက်ပါတယ်။

(၁) သွားတိုက်ဆေး(တစ်မျိုးမျိုး)နှင့် အိမ်သုံးဆားကို ခွက်အသန့်တစ်ခုထဲတွင် အနေတော်လေး ဆတူရောစပ်ပါ။

(၂) မိမိသုံးနေကျ မျက်နှာသစ်ဆေးတစ်မျိုးမျိုးဖြင့် မျက်နှာကို သန့်စင်အောင် သစ်ပါ။

(၃) ရောစပ်ထားသော ဆေးကို ဆား၀က်ခြံပေါ်ကို ခပ်ပါးပါးလေး သုတ်လိမ်းပေးပါ။

(အထူကြီး မလိမ်းရပါ)။ မျက်စိ၊ ပါးစပ်၊ နှာခေါင်းတို့ကို မ၀င်ပါစေနှင့်။

(၄) သွားတိုက်ဆေးနှင့်ဆားဓါတ်ကြောင့် လိမ်းထားသည့်နေရာမှာ အနည်းငယ်

ပူရှိန်းရှိန်း ခံစားရပါမည်။ ခဏဆိုလျျင် ပြန်ပျောက်မည်။ (၁၅)မိနစ်ခန့်

ထားပြီးလျှင် မျက်နှာကို ရေဖြင့် ဆေးကြောသန့်စင်လိုက်ပါ။ (မျက်နှာသစ်ဆေးရည်

သုံးရန်မလိုပါ)

(၅) ဆေးအရှိန်ကြောင့် အပြင်ကို စူထွက်လာသည့် မှဲ့ခြောက်ကဲ့သို့သော

ဆား၀က်ခြံအမျှစ်လေးများကို လက်ဖြင့်သော်၄င်း၊

မျက်နှာတိုက်ဖတ်ဖြင့်သော်၄င်း၊ သွားပွတ်တံဖြင့်သော်၄င်း ညင်သာစွာ

ပွတ်တိုက်ပေးနိုင်ပါသည်။ (ပြင်းပြင်းထန်ထန် မတိုက်ရပါ)

(၆) သန့်စင်ပြီးသော မျက်နှာအား ချွေးပေါက်မကျယ်စေရန် PRAEL Skincare သို့မဟုတ် တိုနာ(Toner) တစ်ခုခု လိမ်းပေးထားနိုင်ပါတယ်။

ဒီနည်းကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်ပေးပါက ဆား၀က်ခြံများ ကင်းစင်ပြီး မျက်နှာကို ချောမွတ်လှပလာစေပါမည်။

ဆား၀က်ခြံအတွက် ရှောင်ရန်များ-

(၁) ညဖက်တွင် လိမ်းခြယ်စရာ မိတ်ကပ်အမျိုးမျိုး၊ Suncream အမျိုးမျိုးတို့ကို လိမ်းခြယ်ပြီးလျှင် မျက်နှာသစ်ပြီးမှ အိပ်ယာ၀င်ပါ။

(၂) ဆောင်းတွင်းနှင့် အေးတဲ့အချိန် မျက်နှာမသစ်နိုင်လျှင် မိတ်ကပ်ဖျက်ရည်ဖြင့် ဖျက်ပြီးမှ အိပ်ယာ၀င်ပါ။

ဖိုးသူတော် (www.phothutaw.com)

Credit:  Saw Noi Nay Saing - Putao

Latest Comments

Leave a Comment

Related News