Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဆားဝက်ခြံနှင့် ပြည်တည်ဝက်ခြံစိုများကြောင့် စိတ်ညစ်နေပါသလား ဒါတွေကို မသိသေးလို့ ဖြစ်ပါလိမ့်မည်

Image



ကောင်းခြင်းငါးဖြာတို့အနက် အသားအရေ၏ကောင်းခြင်းသည် တစ်ပါးအပါအဝင်ဖြစ် သည်။ ကျန်းမာလှပသောအသားအရေပိုင်ရှင်ဖြစ် စေဖို့ တည်ငြိမ်သောစိတ်နေသဘောထား၊ သင့်လျော်သောအစားအ

သောက်၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး

တို့အပြင် အသုံးအဆောင်များဖြစ် ကြသော မျက်နှာသုတ်ပဝါ၊ ခေါင်းအုံးစွပ်၊ စောင်၊ အလှ ကုန်ပစ္စည်း စသည်တို့သန့်ရှင်းစေရန်လည်း အထူးလိုအပ်သည်။

အရေပြားဆိုင်ရာပညာရှင်များက အလှကုန်ပစ္စည်း နှင့် ဆေးဝါးအမျိုးမျိုးဖော်စပ်ကာထုတ်လုပ်ကြသော်လည်း တချို့ဓာတုပစ္စည်းများမှာဓာတ်မ တည့်မှုနှင့်ဆိုးရွားသော တုံ့ပြန်မှုများဖြစ်စေသကဲ့သို့ အနာနှင့်ဆေးတွေ့

ပါသော် လည်း စျေးနှုန်းမြင့်မားခြင်းအချိန်ကြာကြာစွဲလိမ်းပေးရခြင်းတို့

ဖြင့် ကြုံတွေ့ကြရပါသည်။ သို့သော် စိတ်မညစ် ပါနှင့် သင့်မီးဖိုးချောင်

ထဲရှိ တန်ဖိုးနည်းပစ္စည်းတချို့ဖြင့်မပင်မပန်းကရိကထမများဘဲ မိမိအိမ်မှာပင် အောက်ပါ နည်းလမ်းအသွယ်သွယ်တို့ဖြင့် မျက်နှာပေါ်ရှိ ဆားဝက်ခြံ နှင့် ပြည်တည်ဝက်ခြံစိုများကိုကုသပျောက်ကင်းနိုင်ပါသည်။

(၁) သွားတိုက်ဆေး

ဝက်ခြံများအတွက် သွားတိုက်ဆေးသည် အလွန်အ ထိရောက်ဆုံးဖြစ်သည်။ ဝက်ခြံအပေါ်ယံနှင့် အနီးတစ် ဝိုက်တွင် သွားတိုက်ဆေးခပ်ပါးပါးလူးအုံပေးပါ။ သွားတိုက် ဆေး၏ ပူရှိန်းရှိန်းအထိအတွေ့ကို ခံစားရသော်လည်း မစိုးရိမ်ပါနှင့်။ ၂၅ မိနစ်ခန့်အကြာတွင် မျက်နှာကို ရေဖြင့် အသာအယာဆေးကြော သန့်စင်ခြင်းဖြင့် အမြစ်ပါထွက် သွားပါလိမ့်မည်။ ဤနည်းအတိုင်း ရက်သတ္တနှစ်ပတ် တိတိ နေ့စဉ်ပြု လုပ်ခြင်းဖြင့် အကျိုးထူးခံစားရပါလိမ့်မည်။ (အကယ်၍ ရေဖြင့်မဆေးဘဲ သွားတိုက်ဆေးကိုသာခွာယူပါ လျှင် အသားထဲတွင် အမြစ်ကျန်စေခဲ့မည်ကို သတိပြုပါ)

(၂) ခရမ်းချဉ်သီးအမှည့်

ညအိပ်ရာမဝင်ခင် ခရမ်းချဉ်သီးအမှည့်အနေတော် တစ်လုံးကို အခွံနွှာကြိတ်ချေပြီး ဝက်ခြံပေါ်လိမ်းကျံပါ။ နံနံက်အိပ်ရာထတွင် ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။ ခရမ်းချဉ်သီးထဲတွင် သဘာဝပိုးသတ်ဆေး အစွမ်းသတ္တိ ပါရှိခြင်းကြောင့် ဝက်ခြံများကို ခြောက်သွေ့သွားစေနိုင်ပါ တယ်။

(၃) ရှောက်သီး

မျက်နှာကို ဦးစွာရေနွေးဖြင့် သန့်စင်ပါ။ ရှောက်သီး ကို

ခွက်တစ်လုံးစာပမာဏအရည်ညှစ်ယူပြီး ဆားစားပွဲ တင်ဇွန်းတစ်ဇွန်းခန့်ထည့်၍သမစွာမွှေပြီး ဝက်ခြံများ ပေါ် လိမ်းကျံပါ။ မိနစ် ၂ဝခန့်အကြာတွင် ရေနွေးဖြင့် မျက်နှာဆေးကြောပါ။

(၄) သံပရာသီး

သံပရာရည်နှင့် သစ်ကြံပိုးခေါက်မှုန့်တို့ကို ဆတူ ရော၍ ညအိပ်ရာမဝင်ခင် ဆားဝက်ခြံပေါ်လိမ်းပေးပြီး နံနံက်အိပ်ရာထ ရေအေးဖြင့်သန့်စင်ပေးပါ။

(၅) ပြောင်းဖူးမှုန့်

ပြောင်းဖူးမှုန့်သုံးဇွန်းကို ရှာလကာရည်တစ်ဇွန်းရော ၍ရရှိလာသောအနှစ်ကို ဝက်ခြံပေါ်တို့လိမ်းပေးပါ။ မိနစ် ၂ဝ ခန့်အကြာ ရေနွေးဖြင့် ဆေးကြောပြီး မျက်နှာသုတ် ပဝါသန့်သန့်ဖြင့် သုတ်ပါ။

(၆) ဒိန်ချဉ်

အဆီမပါသော ဒိန်ချဉ်စားပွဲတင်ဇွန်းသုံးဇွန်း၊ ဂျုံမှုန့် စားပွဲတင်ဇွန်းနှစ်ဇွန်း၊ သံလွင်ဆီစားပွဲတင်ဇွန်း တစ်ဇွန်း နှင့် ရှောက်ရည်စားပွဲတင် ဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဝက်ခြံများပေါ်တို့လိမ်းပေးပါ။ ခုနစ်မိနစ်ခန့် အကြာ ရေအေးဖြင့်ဆေးကြော သန့်စင်ပေးပါ။

(၇) ဆန်

ဆန်ကို နွားနို့ထဲ

ငါးနာရီခန့်ကြာအောင်စိမ်ထား၍အနှစ်ဖြစ်အောင်ကြိတ်ချေပါ။ ှခမကဘ အဖြစ် မျက်နှာ အနှံ့လိမ်းကျံပေးပါ။

(၈) အာလူး

အာလူးစိမ်းကိုကြိတ်ချေ၍ ဝက်ခြံများပေါ် ပွတ်တိုက် ပေးပြီး ၁၅မိနစ်ခန့် အကြာ ရေအေးဖြင့်ဆေးကြောပေး ပါ။

(၉) နံနံပင်။

ကြိတ်ချေထားသောနံနံပင်၊ မန်ကျည်းသီးနှင့် ရေ အနည်းငယ်တို့ဖြင့် ရောနယ်ထားသော အနှစ်တို့ကို မျက် နှာဖုံး ာေျု အဖြစ် အသုံးပြုခြင်းဖြင့် ဆားဝက်ခြံများကို သက်သာလာစေပါမည်။

(၁ဝ) ကွေကာအုပ်

ကွေကာအုပ်ကို အမှုန့်ဖြစ်အောင်ကြိတ်ချေပြီး အ လှဆီရည်ဖြင့်ရော၍ ဝက်ခြံများပေါ်လိမ်းကျံပေးပါ။ ၁၅ မိနစ်ခန့်အကြာ ရေအေးဖြင့် ဆေးကြောသန့်စင်ပါ။

(၁၁) မုန့်ဖုတ်ဆော်ဒါ

ဆားဝက်ခြံများအတွက် မုန့်ဖုတ်ဆော်ဒါနှင့် ရေကို ဆတူရော၍ မျက်နှာအနှံ့စိမ့်ဝင်အောင် ပွတ်လိမ်းပေးပြီး ၁၅ မိနစ်ခန့်အကြာ ရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ပါ။

(၁၂) ပျားရည်

ပျားရည်သည် ဆားဝက်ခြံများအတွက် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်၍ ဝက်ခြံများအပေါ်နှံ့အောင်လိမ်းပေး ပြီး ၁၅မိနစ်အကြာတွင် ရေအေးအေးဖြင့် မျက်နှာသစ် လိုက်ပါ။

”သင်လှချင်ပါသလား၊ မျက်နှာနှင့်လက်ကို ဝေး ဝေးထားပါ”

ဆိုလိုသည့်အဓိပ္ပာယ်ကတော့ မျက်နှာပေါ်ရှိ ဝက်ခြံများကို လက်သည်းဖြင့် ထိုးဆွခြင်း၊ ညှစ်ခြင်း၊ ပွတ် တိုက်ခြင်း၊ ကုတ်ဖဲ့ခြင်းစသည်ဖြင့် ကြမ်းတမ်းစွာမလုပ် သင့်ပါ။ အမာရွတ်စွဲကျန်စေရုံသာမက လက်မသန့်ပါက ပိုးဝင်စေတတ်ပါသည်။ ကျား/မအရွယ်သုံးပါးမရွေး လူ သားတိုင်း လှတစ်မျက်နှာလေးကို ပိုင်ဆိုင်လိုကြသည်ကို တော့ စိုးစဉ်းမျှယုံမှားသံသယဖြစ်ဖွယ်မရှိပါ။

ထို့ကြောင့် အထက်ပါအိမ်တွင်းဖြစ် ဆေးမြီးတိုနည်းများကိုအသုံးပြု ၍ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရရှိစေရန် အကျိုး မျှော်ကာ အကြံပြုလိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)

Credit:  ပေါက်ပေါက်

Latest Comments

Leave a Comment

Related News