Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

စေ့စပ်မယ့်မိန်ကလေးကို လွန်ခဲ့တဲ့ကိုးနှစ်ကတည်းကသိနေခဲ့တဲ့ဘီဘာ

Image



ဂျက်စတင်ဘီဘာအနေနဲ့ ဟေလီကိုစေ့စပ်လိုက်တာစောလွန်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ လွန်ခဲ့တဲ့(၂၀၀၉)ခုနှစ်ကပွဲတစ်ခုမှာ ဟေလီရဲ့အဖေကမိတ်ဆက်ပေးလို့ သူတို့နှစ်ဦးသိခဲ့ကြတာဖြစ်ပြီးအခုထိဆို ကိုးနှစ်တောင်ရှိခဲ့တယ်လို့ဆိုရမှာပါ။ အဲ့ဒီတုန်းက မိတ်ဆက်ပေးခဲ့တာကို မှတ်တမ်းတင်ခဲ့တဲ့သူက ကမန်းကတန်းလေးရိုက်ထားတဲ့ ဗီဒီယိုလေးအရ သူတို့နှစ်ဦးရဲ့ အချစ်တွေဟာအဲ့ကတည်းကအစပျိုးခဲ့တယ်ဆိုရမှာပါ။



နောက်ပိုင်းမှာတော့ ဘီဘာကဆလီနာနဲ့ တွဲလိုက်၊ပြတ်လိုက်ဖြစ်နေခဲ့ပြီး နောက်ဆုံးလမ်းခွဲခဲ့ပြီး တစ်လအကြာအတွင်းမှာပဲ ဟေလီနဲ့ သူ့ရဲ့ ရှိုးပွဲတော်တော်များများမှာ နမ်းလိုက်၊ရှုံ့လိုက်နေခဲ့တာပါ။ဘာဘေးဒိုးကကမ်းခြေတစ်ခုမှာ ဘီဘာကစေ့စပ်ခွင့်တောင်းတာကိုလက်ခံလိုက်ပြီးနောက်မှာတော့ တော်တော်များများအံ့အားသင့်ခဲ့ရပြီး ဘီဘာတစ်ယောက်ဒီတစ်ခါတော့ အတည်ဖြစ်ပြီလို့မှတ်ယူခဲ့ကြပါတယ်။

justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father

ဟေလီကလည်းဘီဘာပေးတဲ့ စေ့စပ်လက်စွပ်လေးကို ပရိသတ်တစ်ဦးကဓာတ်ပုံရိုက်လိုက်ပြီးအွန်လိုင်းပေါ်တင်လိုက်တာကို မှန်ကန်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။လွန်ခဲ့တဲ့ကိုးနှစ်ကတည်းက သူမအဖေရဲ့မိတ်ဆက်ပေးမှုကြောင့် အချစ်ဌက်ကလေးတွေ ဆုံဆည်းခဲ့ကြတာဖြစ်ပြီး အဲ့အချိန်ကရိုက်ခဲ့တဲ့ ဗီဒီယိုကို ပရိသတ်တစ်ဦးက အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာတော့ဘီဘာက” HaHa Amazing ” လို့ရေးပြီး ပြန်ရှဲခဲ့တာပါ။

justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father

ဟေလီရဲ့အဖေကတော့ တွစ်တာပေါ်မှာ ‘ဘုရားသခင်ရဲ့ ချီးမြောက်မှုတွေနဲ့အတူ ကျွန်တော်နဲ့ကျွန်တော့်မိန်းမမျက်နှာပေါ်မှာ အပြုံးတွေေ၀နေပါတယ်။ ဘုရားသခင်အနေနဲ့ ဟေလီနဲ့ ဂျေဘီရဲ့ နှလုံးသားထဲကို၀င်ရောက်နေပါပြီ။ သူ့ရဲ့ချီးမြောက်မှုတွေပြည့်စုံသွားအောင် ကျွန်တော်တို့၀ိုင်းပြီးဆုတောင်းပေးကြရအောင်။မင်းတို့နှစ်ယောက်လုံးကိုချစ်တယ်။”လို့ရေးခဲ့ပါတယ်။

justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father

ဘာပဲဖြစ်ဖြစ်သူတို့လည်းလွန်ခဲ့တဲ့ကိုးနှစ်ကတည်းကဆုံဖူးပြီး စေ့စပ်လိုက်တာဆိုတော့ MyanmarNote ပရိသတ်ကြီးလည်းကိုယ်ချစ်တဲ့သူနဲ့ ဆုံဆည်းပြီး ပေါင်းဖက်နိုင်ပါစေလို့..

ဖိုးသူတော် (www.phothutaw.com)

Credit: Aung Bwa (MyanmarNote)

#

Latest Comments

Leave a Comment

Related News