Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

စီးပွါးရေးအခက်အခဲကြောင့် ဆီဆိုင်မြို့မှကလေးငယ်များ ပရဟိတကျောင်းသို့ တနှစ်ထက်တနှစ် ပိုမိုပို့ဆောင်ခံနေရ

Image



မတ်လ ၁၁ ရက်နေ့က တောင်ကြီးသစ်တောဂိတ်တွင်စစ်ဆေးတွေ့မိသော ပခုက္ကူပို့ဆောင်မည့်ဆီဆိုင်မြို့မှ ကလေးငယ်များ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ဆီဆိုင်မြို့တွင် စိုက်ပျိုးရေးမဖြစ်ထွန်းမှု၊ စီးပွါးရေးအခက်အခဲများ ကြောင့် အသက် ၁၀ နှစ်အောက်ခလေးငယ်များအား ပရဟိတကျောင်းများသို့ မိဘများမှပို့ဆောင်နေ ရကြောင်းသိရသည်။

ရန်ကုန်နဲ့ မိထ္တိလာကို အပို့များတယ်။ တနှစ်ထက်တနှစ် များများလာတယ်။ ဒီနှစ် ၂၀ ကျော်တယ်လို့ကြား ရတယ်။ ဒီဘက်မှက ပြောင်း၊ စပါးအစိုက်များတယ်။ ဒီနှစ်ကျတော့ ပြောင်းအထွက်နည်းတော့ ဒေသခံလူထု အခက်တွေ့ရတယ်။ အဲတာကြောင့် ဒေသခံရွာသားတွေက မိမိတို့သားသမီးလေးတွေ ကျောင်းဆက်နေနိုင်ဖို့ ပရဟိတကျောင်း၊ ဘုန်းကြီးကျောင်းကိုပို့ဆောင်နေကြတာဖြစ်တယ်- ဟု ဆီဆိုင်ဒေသခံ စိုင်းဟန်က သျှမ်းသံတော်ဆင့်အားပြောသည်။

မတ်လ ၁၁ ရက်နေ့က လည်း ဆီဆိုင်- တောင်ကြီး ပြေးဆွဲသည့် ” အောင်သပြေ ” မှန်လုံကားပေါ်တွင် အသက် (၆)နှစ်မှ (၁၀)နှစ် အရွယ် ယောကျ်ား ၂၁ ဦးအား ခေါ်ဆောင်လာ သည့် အမျိုးသမီးတဦးကို ရဲများက တားဆီးစစ်ဆေးရာ ဆီဆိုင်မြို့နယ် စိန်ဖီးနားကျေးရွာမှကလေးငယ်များအား ပခုက္ကူမြို့မုန့်လုံးတောင် ပရဟိတကျောင်းသို့ပို့ဆောင်ရန်ဖြစ်ကြောင်း တောင်ကြီးမြို့မ စခန်းမှူးကပြောသည် ။

“မသင်္ကာလို့ခေါ်စစ်ဆေးတာပါ၊ အမှန်တကယ် ပရဟိတကျောင်းကိုပို့ ဖို့ခေါ် လာတဲ့ကလေးတွေဖြစ်နေပြီး ဆရာတော်ကိုယ်တိုင် ဖုန်းဆက်ပြောလာပါတယ် ၊ ဒါကြောင့်ပြန်လွတ်ပေး လိုက်ပါတယ် ” ဟု ဆိုပါသည်။

ကလေး (၂၁) ဦးသည် ဆီဆိုင်မြို့နေ ပအိုဝ်းကလေးများဖြစ်ကြပြီး စားဝတ်နေရေးခက်ခဲမှုနှင့် ပညာ သင်ကြား ရေး ခက်ခဲမှု များကြောင့် ထိုသို့ပို့ဆောင်ရခြင်းဖြစ်ကြောင်းဆိုပါသည်။

” ဆီဆိုင်မှ မဟုတ်ဘူး ၊ ဒီပအိုဝ်းဒေသတွေ တော်တော်များများမှာရှိတဲ့က လေး တွေ ကို အဲ့ဒီလိုပဲ ဗမာပြည် ဘက် က ဘက ကျောင်းပို့တာများတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာကပညာရေး ပိုင်းမှာအခက်အခဲရှိလို့ ၊ တစ်ချို့ရွာ မှာ ကျောင်းရှိပြီးဆရာမ မရှိတာ ၊ တစ်ချို့ရွာမှာဆိုလဲ ဆရာမရှိတယ် ကျောင်းမရှိတာ ။ အဲ့လို အခက်အခဲတွေရှိလို့ ဘုန်းကြီးတွေကတစ်ဆင့် ရန်ကုန်တို့ မန္တလေး တို့ အပြင်တစ်ခြားမြို့က ဘက ကျောင်း တွေမှာ အဆက်အသွယ်အသီးသီး နဲ့သွားထားကြတာပေါ့ ၊ တစ်နှစ်တစ်နှစ်ဘယ် လောက်သွားလဲ ဆိုတာကတော့တိတိကျကျမသိနိုင်ဘူး ။ စာရင်းမလုပ်ထား တော့ ရာခိုင်နှုန်းလဲခန့်မှန်းလို့မရဘူး သုတေသန လုပ်ကြည့်မှသိနိုင်မယ် ” ဟု The People Voice ဂျာနယ်မှ ခွန်ရာဇာကပြောသည် ။

ဆီဆိုင်မြို့တွင် နေထိုင်သည့်ဒေသခံများမှာ ပအို၀်း ရ၀ % ကျော်နှင့် သျှမ်း ၁၇ % များဖြစ်ကြပြီး ကလေးငယ်များအား လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ရန်ကုန်မြို့ရှိတောင်ကြီးကျောင်းသို့ ပို့ဆောင်ကာ ပညာဆက်လက်သင်ယူစေကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့် / ယိင်းတိုင်း

http://burmese.shannews.org/







Tags:
  • ,

Latest Comments

Leave a Comment