Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

စိတ်မနှံ့သူ အမျိုးသားတစ်ဦး ဓါးရှည်ဖြင့် ခုတ်ရာမှ ကလေးငယ်တစ်ဦးသေဆုံး

Image



မြစ်ကြီးနား၊ ဧပြီ ၂၀

မြစ်ကြီးနားမြို့နယ်၊ အလယ်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၁)တွင် နေထိုင်သည့် စိတ်မနှံ့သူတစ်ဦးမှ ကိုင်းခုတ်ဓါးရှည်ဖြင့်ခုတ်ရာမှ ၄နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်းမှ သိရသည်။

ဧပြီလ(၂၀)ရက်နေ့၊ နံနက်(၆)နာရီကျော်အချိန်တွင် ငွါးဆာဒီး(၃၇)နှစ်သည် စိတ်ဖောက် ပြန်ရာမှ ၎င်း၏ယောက်ဖဖြစ်သူနှင့် တူမဖြစ်သူကို(၂၄)လက်မခန့်ရှိသော ကိုင်းခုတ်ဓါးရှည်ဖြင့်ခုတ်ရာမှ တူမဖြစ်သူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

`` ယောက်ဖကခေါင်းမှာဒဏ်ရာရပြီး အခုဆေးရုံ တက်နေရတယ်၊ တူမဖြစ်သူ မအားတူမိုးကတော့ မျက်နှာနဲ့ ဦးခေါင်းတဆက်တည်း ဆယ်လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိသေဆုံးသွားပါတယ်၊ စိတ်ဖောက်ပြန်ပြီး ဓါးနဲ့ခုတ်လိုက်တာပါ၊ အရင်ကလည်းသူက မြစ်ကြီးနားဆေးရုံမှာ ဆေးရုံတက်ကုသဖူးသူတစ်ယောက်ဖြစ် ပါတယ်ဟု မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်းမှ စခန်းမှူးဒုရဲမှူးဇော်လင်းကပြောသည်။

တရားလိုဦးဆီးယိုသည် အလယ်မော်ဖောင်းကျေးရွာ နေအိမ်အိပ်ခန်းအတွင်း အိပ်နေစဉ် မြေးဖြစ်သူ သေဆုံးသူ မအားတူမိုး(၄)နှစ်နှင့် ၎င်း၏ ဖခင်ဖြစ်သူ ဦးတင်မိုး(၄၃)နှစ်တို့၏ထ1001ထွက်ကြည့်စဉ် သားဖြစ်သူ ငွါးဆာဒီးသည် ပါးစပ်မှ``အကုန်လုံးကိုသတ်မယ်”ဟု ပြောဆိုကာ ကိုင်းခုတ်ဓါးရှည်ဖြင့် ခုတ်ရာမှ မအားတူမိုးမှာ သေဆုံးသွားပြီး ဦးတင်မိုးမှာ ဒဏ်ရာရရှိထားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရာ နယ်မြေရဲစခန်းမှ ရဲအုပ်ကိုကိုနိုင်နှင့် ရဲဒုတပ်ကြပ်ရာသက်မောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှ တရားခံကို ဝင်ရောက်ဖမ်းဆီးမှသာ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင် တရားခံအား (ပ)၁၀၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် လူသတ်မှုအရ) အမှုရေးဖွင့်ထားကြောင်း နယ်မြေရဲစခန်း၏ မှတ်တမ်းများအရသိရသည်။

EPN

The Public Image







Latest Comments

Leave a Comment

Related News