Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

စားစရာတွေအကြောင်းသင်သိထားတဲ့ တက်တက်စင်အောင်လွဲတဲ့အချက်တွေ

Image



ကိုယ်ငယ်ငယ်ကတည်းကသိထားတဲ့အရာတစ်ခုခုဟာ ကိုယ်သိထားတဲ့အတိုင်းမဟုတ်ဘူး၊ တက်တက်စင်အောင်လွဲနေတယ်ဆိုတာကိုသာသိလိုက်ရရင် ငါအညာခံခဲ့ရလေခြင်းဆိုပြီး တော်တော်လေးကိုဝမ်းနည်းယူကြုံးမရဖြစ်ရပါတယ်။ My childhood was a lie ဆိုပြီး meme တွေတောင်လုပ်ပစ်ချင်တဲ့အထိပါပဲ။ ဒါပေမယ့် ကို်ယ်တွေငယ်စဉ်ကတည်းကယုံကြည်လာခဲ့တဲ့စားသောက်စရာတွေအကြောင်းထဲမှာ တက်တက်စင်အောင်မှားယွင်းနေတဲ့ အချက်တွေအများကြီးရှိပါတယ်။ အဲဒါတွေကို ဗဟုသုတရရန်အလို့ငှာဖော်ပြပေးလိုက်ရပါတယ်။

Pringles က အာလူးကနေလုပ်တာမဟုတ်ပါဘူုး

ကြေကွဲစရာကြီးနော်။ တစ်သက်လုံး Pringles အာလူးကြော်ကို မက်မက်စက်စက်စားခဲ့ရတာ။ Pringles အာလူးကြော်တွေက အာလူးကနေထုတ်ထားတာမဟုတ်ပါဘူး။အာလူးကိုမပါတာပါ။ရှင်းရော။ Pringles တွေထဲမှာ ဂျုံ၊ဆန်၊ပြောင်းဆန်တွေကိုကြိတ်ချေထားတဲ့အမှုန့်တွေနဲ့အခြားအရသာအမှုန့်တွေပဲပါဝင်ပါတယ်။ အာလူးဟုတ်ဟုတ်မဟုတ် ဒီအချိန်မှတော့မစားပဲမနေနိုင်တော့ဘူး။

မုန်လာဥနီတွေက အရောင်အမျိုးမျိုးရှိနိုင်ပါတယ်

မုန်လာဥနီပါဆိုမှအနီရောင်ပေါ့။ တစ်သက်လုံးလည်းအနီရောင်ပဲတွေ့လာတာဥစ္စာ။ ဒါပေမယ့် လူတွေက 17 ရာစုနောက်ပိုင်းမှ မုန်လာဥနီတွေကိုစိုက်ပျိုးတတ်လာကြတာပါ။ မုန်လာဥနီတွေမတိုင်ခင်က မုန်လာဥပြာတို့မုန်လာဥဖြူတို့ရှိခဲ့ပါတယ်တဲ့။

သံလွင်ဆီထင်ပြီးဝယ်သုံးနေတာတွေက အစစ်မဟုတ်ပါဘူး

ဒီနေ့ခတ်မှာ သံလွင်ဆီအစစ်ကတအားရှားသွားပါပြီ။ တစ်ကမ္ဘာလုံးဆိုင်ရာစစ်တမ်းကောက်ယူချက်တွေအရ ဆိုင်တွေပေါ်မှာအလွယ်တကူရနိုင််တဲ့ သံလွင်ဆီတွွေက များသောအားဖြင့် ပဲဆီတွေကို သံလွင်ဆီအနံ့အရသာထည့်ထားတာပါတဲ့။ ကိုယ့်ဆံပင်တွေပေါ်ကိုအားရပါးရလိမ်းထားတာတွေက ပဲဆီတွေလို့တွေးကြည့်လိုက်ရင် စိတ်ပျက်စရာကြီးနော်။

ကဖိန်းဖရီးကော်ဖီတွေမှာတောင် ကဖိန်းဓာတ်ကပါဝင်နေဆဲပါ

ကော်ဖီအကြောင်းပြောရရင်တော့ ကောင်းတာတွွေရော မကောင်းတာတွေရော ထွေးရောယှက်တင်ပါလာတာပါပဲ။ ဒါပေမယ့် ကဖိန်းဓာတ်မပါတဲ့ကော်ဖီတွေဆိုရင်လူတွေကပိုနှစ်ခြိုက်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ကဖိန်းဖရီးကော်ဖီတွေမှာတောင် ကော်ဖီဓာတ်က 3% လောက်ပါဝင်နေဆဲပါပဲ။

ဂျယ်လီပျော့တွေက သက်သက်မလွတ်ပါဘူး

ဟမ်… ဂျယ်လီမှာဘယ်လိုကနေဘယ်လိုအသားပါလို့သက်သက်မလွတ်ရတာတုန်း။ဟုတ်ပါတယ်။တကယ်တော့ ဂျယ်လီပျော့ပျော့အိတုန်လေးတွေက သတ္တဝါတွေရဲ့အရိုးတွေ၊အရေခွံတွေကနေလုပ်ထားတာပါ။ ပြီးတော့မှကစီဓာတ်တွေ၊သကြားဓာတ်တွေထည့်ထားတာဖြစ်ပါတယ်။ သက်သက်လွတ်ပဲဆိုပြီးတွယ်လိုက်မိရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော်။

ငှက်ပျောသီးတွေထဲမှာ ပင့်ကူဆိပ်တွွေပါနေနိုိင်ပါတယ်

ငှက်ပျောသီးတွေက သူ့အလိုလိုသဘာဝအတိုင်းကို ပင့်ကူဆိပ်နဲ့တူတဲ့အဆိပ်တွေထုတ်လွှတ်တတ်ကြောင်းသိရပါတယ်။ ငှက်ပျောသီးတိုင်းတော့မဟုတ်ပါဘူး။ အမှည့်လွန်နေတဲ့ငှက်ပျောသီးတွွေ၊ဒါမှမဟုတ် အစိမ်းကြီးပဲရှိနေတဲ့ငှက်ပျောသီးတွေမှပါ။ ငှက်ပျောသီးရဲ့မျိုးနွယ််နဲ့လည်းဆိုင်တယ်လို့သိရပါတယ်။ ငှက်ပျောသီးမစားခင် အဆိပ်ဖြေဆေးကြိုသောက်ထားရမယ့်ပုံပါပဲ။

ပရိသတ်ကြီးရော.. ဒီထဲမှာမပါတဲ့ အခြားသော လူတွေမှားယွင်းသိထားတဲ့အစားအစာအကြောင်းတွေသိထားသေးလား။သိထားရင် comment box ထဲမှာဝေမျှခဲ့နော်။

ဖိုးသူတော် (www.phothutaw.com)

Credit: Can’t Wait To Say

Tags:
  • ,

Latest Comments

Leave a Comment