Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍ အစားအ​သောက်​ ကျိန်​စာ သင့်နေသောရွှေမြန်မာများ

Image



ရွှေမြန်​မာတွေရဲ့ ပျမ်​းမျှသက်တမ်းက ၅၇ နှစ်

အာရှမှာ အနိမ့်ဆုံးဘဲ

အသက် ရှင်သန်ဖို့အတွက် နေစဉ်စားသောက်နေရတဲ့

အစားအ​သောက်​တွေကို ကျန်​းမာ​ရေးအသိနဲ့ မချင့်ချိန်ဘဲ

စားသောက်ရင် ကိုယ့်ရဲ့ ကျန်​းမာ​ရေးထိခိုက်ရုံမျှ မကဘဲ

ကိုယ့်ရဲ့ရင်သွေးတွေ ၊ ကလေးငယ်တွေရဲ့ အနာဂတ်​ပါ

အညွန့်ကျိုးသွားနိုင်ပါတယ်

စျေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့

ကျန်​းမာ​ရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ

အခုဆို

အသက်​ ၄၀ နဲ့ အထက်​ တွေကို ကြည့်လိုက် မေးလိုက်ရင်

ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့

အရှင်လက်လက် ပြိတ္တာရောဂါ တွေဖြစ်တဲ့

ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့

ရောဂါတွေ မရှိတဲ့သူ ​တော်​​တော်​ကို ရှားလာတယ်

တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့

အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာ

ရောဂါတွေ အဖြစ် အရမ်းများလာတယ်

အသက် ၆၀ ကျော်တွေကြည့်လိုက်တော့

အရိုးပါး အရိုးပွ နဲ့ သတိမေ့တဲ့ ရောဂါတွေ ဖြစ်နေကြတယ်

က​လေး​လေးတွေကြည့်တော့လည်း

အရောင်စုံ အရသာစုံ အနံ့စုံ နဲ့

လက်လီစျေး …. ၅၀ ကျပ်တန်

လက္ကားစျေး ……၃၀ ကျပ် နဲ့

ထုပ်လုပ်စားရိပ်..၂၀ ကျပ် လောက်ဘဲရှိတဲ့

အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့

အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့

လေဖောင်းမူန့်အစုံ

အရောင်စုံ အရသာစုံ အနံစုံ နဲ့

ချိုချဉ်အစုံ​ ပီကေအစုံ နိုခဲအစုံ

ပြီးတော့

အသားပုပ်ပေါင်းစုံ ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့

ပင်လယ်စာလို့ခေါ်တဲ့

အသားတုပေါင်းစုံ ၊ အကင်ပေါင်းစုံ တွေရဲကောင်းမူကြောင့်

ပိန်​လှီလှီ ညှောင့်နာနာ နဲ့ ရှူနာ ရှိုက်ကုံးလေးတွေဖြစ်လို့

.

တချို ​ငွေ​ကြေးချမ်းသာပြီး ကျန်​းမာ​ရေးအသိမရှိတဲ့

မိသားစုကကလေးတွေဆို ပိုဆိုးတယ

ကျောင်းကို မုန်​့ဖိုးအများကြီးပေး ထားတော့

တွေ့သမျှ အသစ်ပေါ်တိုင်းဝယ်စားတယ်

တွေသမျှ မသောက်ဖူးသေးတဲ့ အချိုရည်အစုံ သောက်ပြီး

​နောက်​ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကို

ကျောက်ကပ်ပျက်ပြီး ကျောက်ကပ်အလှူရှင် မရှိသေးလို

တပတ် တခါ အကြောဖောက်ပြီး ကျောက်ကပ်ဆေးနေရတဲ့

ကလေးတွေ အများကြီးတွေ့ နေရတယ်

.

လူကြီးများ လေ့လာပါ သတိထားပါ ဆင်ချင်ပါ ပြီးရင်

ကလေးတွေကို အကျိုးအကြောင်းပြောပြပြီး သင်ပေးပါ

.

ခက်တာက လူကြီးတွေ ကိုယ်​တိုင်​က မသိတာဘဲ

တချို အသိတရားနည်းတဲ့ လူကြီးတွေ ပြောသေးတယ်

.

” တသက်လုံး စားလာတာ အခုမှတော့ မစားဘဲ

မနေနိုင်ပေါင် သေမှသေရောဘဲ ” ဆိုတဲ့

လူကြီးတွေ အများကြီးဘဲ

တရုတ်​ကြီးတယောက်ပြောတာ သွားသတိရတယ်

” နိတို့မြန်မာတွေ ကျန်​းမာ​ရေးအသိကိုမရှိဘူး

ဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရော အကုန်စားတယ်တဲ့ ”

နေစဉ်စားသောက်နေတဲ့ အစားအ​သောက်​တွေမှာ

အဆိပ်တွေ အဆိပ်တွေ

အိမ်ရှင်မတွေ

ဟင်​းချိုမူန့် ကြက်သားမှုန့်တွေထည့် ဆီအညံတွေနဲ့

ဆီပြန်​ဟင်​းတွေချက်ပြီး

ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောကျင်္ား နဲ့ သားသမီးတွေကို

အိမ်က မီးဖို​ချောင်​ထဲမှာ အဆိပ်​ခတ်​နေကြတယ်

ချက်​ချင်​း မသေပေမယ့်

တဖြည်​းဖြည်​း ကျန်​းမာ​ရေး ချို့တဲ့

ကျန်​းမာ​ရေး မကောင်းတော့ ကျန်​းမာ​ရေးစရိပ်တွေကြောင့်

စီးပွား​ရေးတွေ လုံးပါးပါးပြီး

နောက်ဆုံး မိသားစုတစုလုံး ဘဝပျတ်

သားသမီးတွေပါ အညွှန်တုန်းကုန်ပါလိပ်မယ်

ပြီးတော့

ထုပ်လုပ်တဲ့သူတွေကို ဘယ်လို အရေးယူပါ ဘာညာနဲ့

အစိုးရ ကိုချည်းဘဲ အပြစ် မ​ပြောပါနဲ့

အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူမူတွေလုပ်ထားတဲ့

မူးယစ်ဆေး ဆိုတာတွေကိုတောင်မှ

အသိတရား နည်းပါးသူတွေက မရမကရှာဝယ်ပြီး

သုံးစွဲနေကြသေးတာဘဲ

အသိတရားမရှိ သုံးစွဲသူတွေရှိနေသရွေ့ ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

ဟင်​းချို မူန့်လေး ကြက်သားမှုန့်လေးမှ မပါရင်

စားမကောင်းဘူး လျှာထဲမစွဲဘူး

အသားဟင်းချက်ရင် ဆီမြုပ်နေမှ ကောင်းတာ

ဟင်းချက်ရင် အရောင် ရဲရဲလေးမှ လှတာ

အဲ့ဒီတော့

စားကောင်းပြီး လျှာထဲစွဲချင်တယ်

ဆီမြုပ်ပြီး အရောင်လှချင်တယ်

စျေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့

အချိုမူန့် များများ

ပြည့်ဝဆီ အညံစားတွေနဲ့

ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲ

စားရတော့မှာပေါ့

အစိုးရက ထုတ်လုပ်သူတွေကို

ဘယ်လိုဘဲ အရေးယူ အပြစ်​​ပေးနေပေမယ့်

ကျန်​းမာ​ရေး အသိတရားမရှိ စားသုံးသူတွေရှိနေသရွေ့

ထုတ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

မှားတာပါရင်​လည်​း ​စေတနာအမှားမို့ ခွင်​့လွတ်​ပါ…..

လိုတာရှိရင်​လည်​း​ အောက်​ကဖြည်​့​ပေးပါ…….

စိတ်​သ​ဘောထားချင်​းတိုက်​ဆိုင်​ရင်​ Share ​ပေးပါ….

ဖိုးသူတော် (www.phothutaw.com)

Credit: Original Writer

Tags:
  • ,

Latest Comments

Leave a Comment