Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

စည်သူအောင်ဟာ မြန်မာပြည်ကထိုင်းလိဂ်သို့ နောက်ဆုံးပို့ကုန်လား

Image



ရတနာပုံအသင်းရဲ့ တောင်ပံကစားသမားစည်သူအောင်ဟာ ထိုင်းပရီးမီးယားလိဂ်အတွက် jမန်မာပြည်ရဲ့နောက်ဆုံးပို့ကုန်တစ်ခုလားဆိုတာ စိတ်ဝင်စားစရာပါ။ မနေ့က ထိုင်းကလပ်အသင်းတစ်သင်းဟာ စည်သူအောင်ကိုခေါ်ယူဖို့ သဘောတူညီမှုရထားပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ် ။

ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရစည်သူအောင်အပြောင်းအရွှေ ့သတင်းဟာမြန်မာဘောလုံးရပ်ဝန်းဆီကအတွင်းလူတွေဆီကလာတယ်လို့ဆိုပါတယ်။တစ်ခြားသတင်းတွေအရတော့စည်သူအောင်ဟာထိုင်းT-2ကလပ်အာမီယူနိုက်တက်ကိုပြောင်းရွှေ ့ခဲ့ပြီလို ့ဆိုပါတယ်။

ထိုင်းကစားသမားအပြောင်းအရွေဟာဖေဖော်ဝါရီငါးရက်မှာပိတ်မှာဖြစ်ပြီးအချိန်သိပ်မကျန်တော့ပါဘူး။စည်သူအောင်သာတကယ်ပြောင်းဖြစ်ခဲ့ရင်ဒီရက်ပိုင်းတွင်းအပြောင်းအရွှေ ့ဖြစ်လာမှာပါ။စည်သူအောင်ဟာအမြဲတစေလိုလိုထိုင်းကလပ်တွေနဲ့သတင်းထွက်ပေါ်နေတတ်သူဖြစ်ပါတယ်။လက်ရှိမြန်မာနေရှင်နယ်လိဂ်မှာလည်းခြေစွမ်းပြနေပြီးသုံးပွဲမှာငါးဂိုးသွင်းယူထားပြီးရတနာပုံအတွက်ခြေစွမ်းပြနေသူပါ။

ရတနာပုံအသင်းဟာလက်ရှိဘောလုံးရာသီမှာအောင်သူကိုလက်လွတ်ထားရပြီးစည်သူအောင်ကိုထပ်ပြီးလက်လွတ်ခံမလားဆိုတာတော့စိတ်ဝင်စားစရာပါ။ လက်ရှိမှာစည်သူအောင်နေရာမှာ အစားထိုးဆော့ဖို့အတွက် လူငယ်ကစားသမား ပြည့်စုံနိုင်ရှိနေတာမို့ အပြောင်းအရွှေ ့ဟာ ရတနာပုံအသင်းက လက်ခံရင်ဖြစ်လောက်ပါတယ်။ ထိုင်းလိဂ်ဟာဖေဖော်ဝါရီကိုးရက်နေ ့ဆိုရင်ရာသီသစ်ပြန်စပါပြီ။ မနှစ်ကဘောလုံးရာသီမှာထိုင်းလိဂ်ကိုရောက်ဖို့ရေပန်းအစားဆုံး သူသုံးယောက်ရှိခဲ့ပါတယ်။ သူတို့ကတော့အောင်သူ၊ကျော်ကိုကိုနဲ့စည်သူအောင်ပါ။ လက်ရှိအနေအထားအရအောင်သူနဲ့ကျော်ကိုကိုဟာ ထိုင်းကိုရောက်သွားပါပြီ။

စည်သူအောင်ကတော့ဘယ်လိုဆက်ဖြစ်သွားမလဲစောင့်ကြည့်ရမှာပါ။ အပြောင်းအရွှေ ့ကလည်းမကြာခင်ပိတ်သိမ်းတော့မှာဖြစ်လို့ထိုင်းလိဂ်ကိုစည်သူအောင်ပြောင်းမပြောင်းမကြာခင်သိကြရတော့မှာပါ။ ဒါပေမယ်လက်ရှိမှာသတင်းထွက်ပေါ်နေတဲ့အာမီယူနိုက်တက်ဟာထိုင်းဒုတိယတန်းကလပ်သာဖြစ်တာမို့သူ့အတွက်အဆင်ပြေပါ့မလားဆိုတာပရိသတ်တွေကတွေးပူနေကြပါတယ်။

from Sports TH Sports

ဖိုးသူတော် (www.phothutaw.com)

Credit: millionlike

#

Latest Comments

Leave a Comment

Related News