Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

စည်သူလွင်နဲ့ အေးချမ်းမေ တို့က တို့မဝေးဘူးတဲ့

Image

တစ်ခေတ်တစ်ခါက အလွန်အတွဲညီခဲ့သော ဂီတမောင်နှမနှစ်ဦးဖြစ်တဲ့ စည်သူလွင်နဲ့ အေးချမ်းမေတို့ရဲ့ တို့မဝေးဘူး Live Show ကို နိုဝင်ဘာ ၂၅ ရက်နေ့မန္တလေးမြို့မှာ ကျင်းပပြုလုပ်မဲ့အကြောင်း စာနယ်ဇင်ရှင်လင်းပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်က ဆီဒိုနားဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့တာ တွေ့ရပါတယ်။

၂၅ ရက်နေ့ ညနေ ရ နာရီ မင်္ဂလာမန္တလေးမှာ ကျင်းပပြုလုပ်သွားမှာပါ။ လက်မှတ်စျေးနှုန်းတွေကတော့ VIP ၅၀၀၀၀ ကျပ်၊ ၃၀၀၀၀ကျပ်၊ ၂၀၀၀၀ ကျပ်နဲ့ ၁၀၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ၀ယ်ယူနိုင်မဲ့ နေရာတွေကတော့ 365 Enter Tainment 09975768000, Min Thiri 02 36103, 02 24012, မင်္ဂလာမန္တလေး 09798555777 တို့မှာ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ် "လို့ စီစဉ်သူ စိုးနိုင်ထွန်း( အီကြာကွေး )က ဆိုပါတယ်။

" မြန်မာပြည်ပြန်ရောက်ခိုက်မှာ မန္တလေးပရိသတ်တွေအတွက်လည်း အမှတ်တရ ဖြစ်စေချင်လို့ပါ။ တို့မဝေးဘူး Title အတိုင်း တို့မဝေးဘူး အခွေထဲက သီချင်းတွေကို အများဆုံး သီဆိုဖျော်ဖြေသွားမှာပါ "လို့ အေးချမ်းမေက ဆိုခဲ့သလို စည်သူလွင်ကလည်း " အရင် တို့မဝေးဘူး အခွေထဲက Image လေးတွေပြန်ရစေမှာပါ။ တစ်ကိုယ်တော် ၁၂ ပုဒ်လောက်နဲ့ စုံတွဲ ၅ ပုဒ်လောက် ဆိုဖြစ်မှာပါ။ အဓိကတော့ ဟိုးတုန်းက တို့မဝေးဘူးဆိုတဲ့ အခွေလေးရဲ့ အရသာကို ပြန်ရစေမှာပါ "လို့ ဆိုခဲ့ပါတယ်။

Credit - Oasis Journal

Tags:
  • ,

Latest Comments

Leave a Comment