Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

"ငွေကြေး အကုန်ကျခံထားပေမယ့် အရှုံးကို မျှော်လင့်ထားတယ် "၀ါဆိုမိုးဦး

Image

မော်ဒယ်လ်သရုပ်ဆောင် ၀ါဆိုမိုးဦးက အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း " အခုလောလော ဆယ်ကတော့၀ါဆို အခွေလုပ်တဲ့အတွက်ကြောင့် အခွေအပေါ်ကိုပဲ စိတ်ရောလူရော နစ်ပြီးလုပ်နေတယ်။ ငွေအင်အားက အစသေချာလေးအကုန်ကျခံပြီး လုပ်ထားတာဖြစ်တာကြောင့် ဂရုစိုက်လုပ်နေတယ်။ ငွေဘယ်လောက်ကုန်ကုန် အဓိက မထားပါဘူး။ အဓိကက တော့ ၀ါဆိုရဲ့ Life မှာ ဒီအခွေကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ ထုတ်ခဲ့တယ်ဆိုတဲ့ Record လေးပဲလိုချင်တာ ပါ " လို့ပြောပါတယ်။

အခွေက ထွက်မယ်ပြောထားတာ ကြာနေပြီဖြစ်တာကြောင့် လက်ရှိပြင်ဆင်မှု အနေအထားက ဘယ်လောက်ရှိသွားပြီလဲဆိုတော့ '' MTV ကိုးပုဒ်ရိုက်ပြီးတော့ Audio ၁၂ ပုဒ်နဲ့ တပြိုင်တည်း ထုတ်မှာဖြစ်တာကြောင့် ကြာတာပါ။ အဓိက ကတော့ MTV ရိုက်နေလို့ပါ။ ၀ါဆို က တစ်ပုဒ်ရိုက်တယ်။ မကြိုက်ရင် မကောင်းရင်ပြန်ရိုက်တယ်။ ငွေလည်း တော်တော်ကုန်တယ်။ အခု ဇန်နဝါရီလလောက်မှာ ထွက်ဖို့ ကြိုးစားနေတယ်။ အခွေထုတ်ကတည်းက အရှုံးဆိုတာကို တွက်ထားပြီးသားပါ။ အရင်းတောင် ပြန်မရဘူးဆိုတာ သိတယ်(ရယ်လျက်) တချို့ပရိသတ် တွေလည်း မဝယ်ဘဲနဲ့ online ပေါ်မှာတွေ့လို့ နားထောင်ကြတယ်။ ကြိုက်ကြတယ်ဆိုရင် ကျေနပ်ပါပြီ။ ပြောချင်တာက ဒီအခွေကို နာ မည်ကတော့ " မိုက်လားပြောကြည့် " ပေးထားတယ်။ သီချင်းနဲ့ ပတ်သက်ပြီးတော့ အသံပိုင်းကို တီချယ်ထရေဇီ Train ပေးတယ်။ ကိုယ့်ရည်စားကလည်း အစစအရာရာ အဆင်ပြေအောင် ကူညီပေးတယ် " လို့ ပြောပါတယ်။


Credit - Oasis Journal
Written By ရန်ပိုင်စိုး

Tags:
  • ,

Latest Comments

Leave a Comment