Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဂျီအသေများနှင့် တောကြောင်များ တရားမဝင် သယ်ဆောင်လာသူအား အရေးယူထား

Image



၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်ခန် ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်းနှင့် နမ္မတူလမ်းဆုံအနီးတွင် မန္တလေးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် 4J/×××× TOYOTA Wish ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာသည့် ဂျီအသေ(၃၃)ကောင်နှင့် တောကြောင်အသေ(၉)ကောင် တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

 သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ လားရှိုးမြို့နယ် မြို့ရှောင်လမ်းနှင့် နမ္မတူလမ်းဆုံအနီးတွင် ပိတ်ဆို့ ရှာဖွေရေးများဆောင်ရွက်နေစဉ် မန္တလေးဘက်မှ မူဆယ်ဘက်သို့ လားရှိုးမြို့၊ အဝေရာလမ်းနေ ဦးအေးညွန့်(၅၅)နှစ်မောင်းနှင်လာသည့် 4J/×××× TOYOTA Wish ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာသည့် ဂျီအသေ(၃၃)ကောင်(၁၆၅) ပိဿာ၊ တောကြောင်အသေ(၉)ကောင်(၁၈)ပိဿာတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း ဦးအေးညွန့် အား လားရှိုးမြို့မရဲစခန်း(ပ)၁၅၂/၂၀၁၈၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆(က)ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်







Latest Comments

Leave a Comment

Related News