Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဂျာဗားကျွန်းမှာ ငလျင်ကြောင့် လူ သုံးဦးသေ၊ နှစ်ထောင်ကျော်အိုးအိမ်မဲ့ဖြစ်

Image



အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်း ဘန်ဂျာနီဂါရာဒေသမှာ ပြင်းအားအဆင့် ၄ ဒသမ ၄ ရှိတဲ့ ငလျင်တခု မနေ့ကလှုပ်သွားတဲ့အတွက် လူ ၃ ယောက်သေဆုံးသွားပါတယ်။ ဒါ့အပြင် ဆင်းရဲသားတွေရဲ့နေအိမ်တွေ ရာနဲ့ချီပျက်စီးသွားသလို၊ လူ ၂ ထောင်ကျော် အိုးအိမ်မဲ့ဖြစ်သွားတယ်လို့ အစိုးရရဲ့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

အိမ်တွေပြိုကျလို့ လူသေဆုံးပြီး ဒဏ်ရာရကြတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံတင်ထားပြီး၊ အိုးအိမ်ပျက်စီးသွားတဲ့သူတွေကို ကယ်ဆယ်ရေးစခန်းတွေမှာ နေရာချပေးထားတယ်လို့ဆိုပါတယ်။

ကျွန်းပေါင်း ၁၇၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းလို့ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာပတ်လည် ငလျင်ကြောပေါ်မှာရှိတဲ့အတွက် မကြာခဏ ငလျင်ဒဏ်ခံရလေ့ရှိပါတယ်။

RFA Burmese

https://www.facebook.com







Latest Comments

Leave a Comment

Related News